မန္တလေးမြို့ အထင်ကရနေရာအချို့တွင် လူသွားလူလာ ပြန်လည်စည်ကား

မန္တလေးမြို့ အထင်ကရနေရာ အချို့တွင် မေလ(၃)ရက်နေ့မှ စတင်ကာ လူသွားလူလာများဖြင့် ပြန်လည်စည်ကားခဲ့ပါသည်။


Photo - Kaung Zaw Hein / MPA

မန္တလေးမြို့တွင် Covid-19ကြောင့် ဧပြီလ(၇)ရက်နေ့မှစတင်ကာ အထင်ကရနေရာများတွင် လူသွားလူလာများ မရှိသလောက် နည်းပါးခဲ့ပါသည်။

မန္တလေးတိုင်းတွင် မရှိမဖြစ်လိုအပ်သော အစားအသောက် လုပ်ငန်းများ၊ ဆေးဝါးပစ္စည်းများ၊ပုဂ္ဂလိက ဆေးရုံများ၊လျှပ်စစ် ဓာတ်အားပေးရေးလုပ်ငန်းများမှ အပ တည်ခိုခန်း၊ဟိုတယ်၊ အ၀တ်အထည်လုပ်ငန်းများနှင့် ကျန်လုပ်ငန်းများ အားလုံးကို (၁၅.၅.၂၀၂၀)အထိ ပိတ်ထားရန် မန္တလေးတိုင်းဒေသကြီးအစိုးရမှ အမိန့်ထုတ်ပြန်ထားပါသည်။


Photo - Kaung Zaw Hein / MPA

ထိုကဲ့သို့ ပြန်လည်စည်ကားလာသည့်အတွက်ကြောင့် ပိတ်ပင်ထားသော လုပ်ငန်းများအား မေလ(၁၅) အထိ မစောင့်ဘဲ ပြန်လည် ဖွင့်ပေးစေလိုကြောင်း လူမှုကွန်ရက်တွင် ဝေဖန်မှုအသံများလည်း ထွက်ပေါ်နေပါသည်။

မန္တလေးတိုင်းဒေသကြီးတွင် ပိုးတွေ့လူနာ သုံးဦးရှိပြီး ဆေးရုံမှပြန်ဆင်းခွင့်ရသူ နှစ်ဦးရရှိပြီဖြစ်သည်။

Source - MPA

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။