ဝက်ခြံနဲ့ အမဲစက်တွေလျှော့ပါးစေမယ့် အစားအစာများ

မျက်နှာမှာ ဝက်ခြံနဲ့ အမဲစက်တွေထွက်ခြင်းက အပြင်ပန်းအလှကို ထိခိုက်စေရုံသာမက ကိုယ့်ကိုယ်ကို ယုံကြည်မှုပါ လျှော့နည်းစေပါတယ်။

Photo credit- looking good all the time

စိတ်ဖိစီးမှု၊ အစားအသောက်မှားယွင်းမှု၊ အိပ်ရေးပျက်တာ၊ လေထုထဲက အညစ်အကြေးတွေ၊ နေလောင်ဒဏ်တွေကြောင့် ဝက်ခြံ၊ အမဲစက်တွေ ထွက်လာတက်ပါတယ်။ 

အဲ့ဒီလို ဝက်ခြံနဲ့ အမဲစက်တွေအတွက် သဘာဝကပေးတဲ့ အသီးအနှံ၊ အစားအသောက်တွေကနေလည်း လျှော့ပါးသက်သာဖို့ ကူညီပေးပါတယ်။ ဘယ်လို အစားသောက်တွေက ဝက်ခြံတွေ၊ အမဲစက်တွေကိုလျှော့နည်းစေနိုင်လည်းဆိုတာ ကြည့်လိုက်ရအောင်...

၁။ ရွှေဖရုံသီး 

Photo credit- tajba english

ရွှေဖရုံသီးမှာ ပါဝင်တဲ့ enzymes, zinc, and alpha hydroxy acids စတဲ့ ဒြပ်ပေါင်းတွေက သင့်မျက်နှာပေါ်က အမဲစက်နဲ့ ဝက်ခြံတွေတွေ လျှော့ပါးစေပါတယ်။ ဒါ့အပြင် ရွှေဖရုံသီး စားပေးခြင်းက သင့်မျက်နှာအသားအရေကို နူးညံ့ခြင်းတွေပါ ပေးစွမ်းနိုင်ပါသေးတယ်။ 

၂။ ပဲတောင့်ရှည်

Photo credit- yuppiechef

ပဲတောင့်ရှည်ကို စားသုံးခြင်းက သင့်ခန္တာကိုယ် သွေးတွင်းသကြားပါဝင်မှုကို မရှိတာကြောင့် ဝက်ခြံထွက်နူန်းကို လျှော့ကျစေပါတယ်။ ဒါကြောင့် ပဲတောင့်ရှည်ကို ကြော်စား၊ ချက်စားတာမျိုး ပြုလုပ်ပေးနိုင်ပါတယ်။

၃။ ဂေါ်ဖီပန်း

Photo credit- medical new today

ဂေါ်ဖီပန်းပွင့် စားသုံးပေးခြင်းကလည်း သင့်ရဲ့ ဝက်ခြံနဲ့ အမဲစက်တွေ လျှော့ပါးစေဖို့ အထောက်အကူပြုပါတယ်။ ဘာကြောင့်လဲဆိုရင် ဂေါ်ဖီပန်းပွင့်မှာ fiber,vitamins B6, vitamin C, folate, phosphorus, magnesium စတဲ့ ဓာတ်တွေ ပါဝင်လို့ပါပဲ။

၄။ သံပုရာရည်

Photo credit- salad

သံပုရာသီးကလည်း သင့်မျက်နှာအမဲစက်တွေအတွက် မရှိမဖြစ် အရေးပါ ပါတယ်။ သံပုရာရည်သောက်သုံးပေးခြင်းက သင့်အသားအရေအတွက် collagen ထုတ်လုပ်မှုကိုလည်း မြှင့်တင်ပေးပါတယ်။ အသားအရေကို ကြည်လင်စေပြီး ဝက်ခြံနဲ့ အမဲစက်တွေကိုပါ လျှော့ပါးစေမှာပါ။

၅။ ဆဲလ်မွန်ငါး

Photo credit- exelby food

ဆဲလ်မွန်ငါးမှာပါဝင်တဲ့ omega-3 fatty acids က နေလောင်ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ အမဲစက်ထွက်ခြင်းက ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အရေပြား ကင်ဆာဖြစ်ပွားမှုနူန်းပါ လျှော့ကျစေတာကြောင့် ဆဲလ်မွန်ငါးကို မကြာမကြာ စားသုံးပေးသင့်ပါတယ်။

Ref; health line

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။