BLACKPINK အဖွဲ့ရဲ့ ဇွန်လအတွင်း comeback ပြုလုပ်မယ့်သတင်းကို အတည်ပြုလိုက်တဲ့ YG

မေလ ၄ ရက်နေ့မှာ STARNEWS သတင်းဌာနကနေပြီးတော့ BLACKPINK အဖွဲ့အနေနဲ့ သူတို့ရဲ့ album အသစ်အတွက် အသံသွင်းမှုပြီးစီးသွားပြီဖြစ်ပြီး မေလအတွင်းမှာ MV ကိုစတင်ရိုက်ကူးသွားမယ်လို့ ကြော်ငြာလိုက်ပါတယ်။အဆိုပါသတင်းဌာနကဘဲ BLACKPINK ရဲ့ comeback က ဇွန်လ အစပိုင်းဒါမှမဟုတ် အလယ်လောက်မှာဖြစ်နိုင်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။


Photo Credit - Google

အဆိုပါသတင်းထုတ်ပြန်မှုနဲ့ပါက်သတ်ပြီး YG Entertainment ကအတည်ပြုပြောကြားခဲ့ပြီး BLACKPINK အနေနဲ့ ဇွန်လမှာ comeback ပြုလုပ်ဖို့အစီအစဉ်ရှိကြောင်းနဲ့ ဘယ်နေ့လဲဆိုတာသေချာရင် fans တွေကို အရင်ဆုံးအသိပေးသွားမယ်ဆိုတဲ့အကြောင်း ပြောကြားသွားခဲ့ပါတယ်။


Photo Credit - Google

အခု Comeback ဟာ BLACKPINK ရဲ့ ၂၀၁၉ခုနှစ်ဧပြီလမှာထွက်ရှိခဲ့တဲ့ “Kill This Love” အပြီး ၁နှစ်နဲ့၄လအကြာမှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ဒါ့အပြင် Jennie ရဲ့ တစ်ကိုယ်တော် debut song “SOLO” ဟာလည်း Youtube မှာကြည့်ရှုသူ သန်း၄၅၀ ပြည့်မြောက်တဲ့ ပထမဆုံးကိုးရီးယားတစ်ကိုယ်တော်အမျိုးသမီး သီချင်းဖြစ်လာပါတယ်။Jennie ဟာ ဒီစံချိန်ကို ၁နှစ်၅လနဲ့ ၂၂ရက်အကြာမှာရရှိခဲ့တာပါ။


Photo Credit - Google

Phone Khant

We Media

Source – Soompi 

Original Link –

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။