World of the Married ကနေသင်ယူနိုင်တဲ့ relationship ဆိုင်ရာသင်ခန်းစာ ( ၆ ) ခု

The World Of the Married က ကိုးရီးယားအိမ်ထောင်ရေးဆိုင်ရာ ဒရာမာကားတစ်ကားဖြစ်ပြီးတော့ လက်ရှိအချိန်မှာတော့ rating အမြင့်ဆုံးရရှိနေတဲ့ ဇာတ်လမ်းတွဲတစ်ခုဘဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ကတော့အောင်မြင်တဲ့ မိသားစုဆရာ၀န် အမျိုးသမီးတစ်ယောက်က သူ့ယောကျာ်းဖောက်ပြန်တာကို သိသွားတဲ့အချိန်မှာတော့ ကလေးမျက်နှာကို ထောက်ပြီးတော့ ခွင့်လွှတ်ပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ ယောကျာ်းက သူ့ဆီက အရာမှန်သမျှယူသွားတယ်ဆိုတာ သိလိုက်ရပြီးနောက်ပိုင်း ကွာရှင်းဖို့ ကြိုးစားခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းတွဲဟာ အိမ်ထောင်ရေးဆိုင်ရာ ပညာပေးဇာတ်လမ်းတွဲဖြစ်ပြီးတော့ သင်ယူစရာတွေလည်းအများကြီးရှိခဲ့ပါတယ်။အဲ့ထဲကမှ ချစ်သူစုံတွဲတွေ၊ လင်မယားတွေ သင်ယူနိုင်မယ့် အချက်( ၆ ) ချက်ကို ဖော်ပြပေးချင်ပါတယ်။

( ၁ ) တစ်ကြိမ်ထဲမှာ လူနှစ်ယောက်ကို တစ်ပြိုင်နက်မချစ်နိုင်ပါဘူး။


Photo credit - www.myonniyou.com

လူတစ်ယောက်က အခြားသူနှစ်ယောက်ကို တစ်ပြိုင်နက်ချစ်ဖို့ဆိုတာက ဖြစ်နိုင်ပေမယ့် ဒါကတကယ့် အချစ်စစ်အချစ်မှန်မဟုတ်ပါဘူး။များသောအားဖြင့် သင့်မှာရှည်ကြာတဲ့ သမီးရည်းစားဆက်ဆံရေးရှိပြီး လိင်ပိုင်းဆိုင်ရာပါ ဆက်နွှယ်မှုတွေရှိတယ်ဆိုရင် အခုဆက်ဆံရေးရှိတဲ့ကြားထဲက အခြားတစ်ယောက်ကို ချစ်မိတာမဖြစ်သင့်တဲ့ကိစ္စပါ။ တကယ်လို့ သင်ကိုယ်တိုင်အာ့လိုဖြစ်နေတယ်ဆိုရင် ဒါကအချစ်မဟုတ်ပါဘူး။ ရယူလိုမှုပါ။

( ၂ ) ချစ်တာက ရာဇ၀တ်မှုမဟုတ်ပါဘူး။ ဒါပေမယ့်….


Photo credit - www.myonniyou.com

ချစ်တာက ရာဇ၀တ်မှုတစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် တကယ်လို့သာ သင့်မှာခိုင်မာတဲ့ဆက်ဆံရေးမျိုးရှိတာ၊ ဒါမှမဟုတ် လက်ထပ်ထားတာဆိုရင်တော့ အခြားတစ်ယောက်ကိုထပ်ချစ်တာက အမှားတစ်ခုဖြစ်သွားပါပြီ။ သင်လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကတည်းက သင်တို့ရဲ့စိတ်နဲ့ခန္ဓာကိုယ်ကို အချင်းချင်းကိုပေးအပ်ထားပြီးကြပြီး သေသည်အထိလက်တွဲသွားဖို့ ရည်ရွယ်ထားလို့ဘဲဖြစ်ပါတယ်။သင်နေမကောင်းရင်ဖြစ်စေ၊ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ အတူတူရှိနေချင်လို့ဖြစ်ပါတယ်။တကယ်လို့အခုလိုဆုံးဖြတ်ခဲ့ကြပြီးမှ မပျော်ဘူးဆိုရင် ခနလောက်တစ်ယောက်ထဲနေပြီးတော့ ဘယ်ကနေဘယ်လိုပြန်စလုပ်ရမလဲဆိုတာ စဉ်းစားသင့်ပါတယ်။

( ၃ )သင့်ရဲ့နှလုံးသားအတိုင်း လိုက်လုပ်ဖို့နဲ့စီးမျှောသွားဖို့က အဆိုးကြီးမဟုတ်ပါဘူး။


Photo credit - www.myonniyou.com

တကယ်လို့ ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်အခွင့်အရေးပေးတတ်ကြပေမယ့် အတိုင်းအတာတစ်ခုရောက်တဲ့အခါမျိုး၊ ကိုယ့်ကိုဆိုးဆိုးရွားရွား ထိခိုက်နာကျင်စေတာမျိုးဆိုရင် နှလုံးသားကဆန္ဒရှိတဲ့အတိုင်းဘဲ လိုက်လုပ်သင့်ပါတယ်။ကွာရှင်းတာက ကွဲပြဲတာထက် ပိုခက်ခဲပါတယ်။ကလေးတွေရှိရင် ပိုပြီးတော့တောင်ခက်ခဲပါသေးတယ်။ ဒါပေမယ့် ကိုယ်နဲ့အတူမရှိချင်တဲ့သူနဲ့ အတူတူနေတာထက် တစ်ယောက်ထဲနေလိုက်တာက ပိုပြီးတော့အဆင်ပြေ ပါတယ်။တကယ်လို့သာ အဲ့လိုအခြေအနေထိရောက်ခဲ့ပြီး စီစဉ်သလိုမဖြစ်ခဲ့ဘူးဆိုရင် ကိုယ့်ရဲ့နှလုံးသား ဆန္ဒအတိုင်း လိုက်လုပ်ဖို့ ၀န်မလေးပါနဲ့။

( ၄ ) သင်ကိုယ်တိုင်လုပ်ခဲ့ဖူးတဲ့အရာကို သင်ချစ်တဲ့သူကလိုက်လုပ်တဲ့အခါမှာ သူ့အပေါ်ဒေါသမထွက်ပါနဲ့။


Photo credit - www.myonniyou.com

လောကကြီးမှာ ယောကျာ်းတစ်ယောက်က မိန်းမတစ်ယောက်အပေါ်အပြစ်ကျူးလွန်ပြီဆိုရင် အပြစ်မပြောကြပေမယ့် မိန်းမတစ်ယောက်က အလားတူလုပ်မယ်ဆိုရင်တော့ အပြောခံရပါတယ်။ ဒီဇာတ်ကားထဲမှာ မင်းသားက အခြားမိန်းမတစ်ယောက်နဲ့ ဖောက်ပြန်နေပေမယ့် သူ့မိန်းမ အခြားယောကျာ်းနဲ့ အိပ်တာကို သိသွားတဲ့အခါမှာတော့ မခံမရပ်နိုင်အောင်ဖြစ်တာကို တွေ့ရမှာပါ။ ဘယ်လိုဘဲဖြစ်ဖြစ် မှတ်ထားရမှာက အမှားတစ်ခုကို အခြားအမှားတစ်ခုနဲ့ ခြေဖျက်လို့မရပါဘူး။ဒါကြောင့်မို့ မင်းရဲ့ချစ်သူက နာကျင်စရာတစ်ခုခုလုပ်ရင် သူ့အတိုင်းပြန်မလုပ်မိပါစေနဲ့။

( ၅ ) ဘယ်သူ့ကိုမှ မယုံကြည်ပါနဲ့။


Photo credit - www.myonniyou.com

သင် လူတစ်ယောက်ကို အဆုံးအဆမဲ့ချစ်မိပြီဆိုရင် သူဘာပြောပြောဘာလုပ်လုပ် ယုံကြည်တတ်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ကိုအလုံးစုံယုံကြည်ပြီး သင့်ရဲ့ပိုင်ဆိုင်မှုတွေကိုပါ ပေးထားတဲ့အထိပါမလုပ်ပါနဲ့။ ငွေဆိုတာက လူတစ်ယောက်ကို လောဘတတ်စေနိုင်ပြီး သင့်ရဲ့အားနည်းချက်ကိုချုပ်ကိုင်ပြီး အကိျုးအမြတ်ရယူပါလိမ့်မယ်။ သင်နဲ့ပါက်သက်နေတဲ့လူတိုင်းက မရိုးသားပါဘူး။

( ၆ ) သင့်ကိုသေစေနိုင်လောက်တဲ့ relationship ထဲမှာမရှင်သန်ပါနဲ့။


Photo credit - www.myonniyou.com

အချို့တွေက အပြင်ပန်းကကြည့်ရင် ပျော်ရွှင်စရာကောင်းတဲ့ဆက်ဆံရေးမျိုးရှိပေမယ့် အတွင်းပိုင်းက တကယ့်ငရဲလိုပါဘဲ။ဘယ်တော့မှ ကိုယ့်ကိုနာကျင်စေတဲ့ ဆက်ဆံရေးမျိုးကို မရွေးချယ်ပါနဲ့။သင့်ကို ရိုက်နှက်ပြီးမှ တောင်းပန်လိုက်တာနဲ့ နောက်တစ်ခေါက်အာ့လိုထပ်မဖြစ်တော့ဘူးလို့ မမှတ်ယူလိုက်ပါနဲ့။ သိထားရမှာက လူတိုင်းကအလွယ်တကူမပြောင်းလဲနိုင်သလို  သင်တွေးတောထားသလို အလွယ်တကူပြောင်းလဲနိုင်မယ်လို့လဲ မတွေးထားပါနဲ့။


ဒီအချက်တွေက အခုကိုးရီးယားဇာတ်လမ်းတွဲထဲက လေ့လာနိုင်တဲ့အချက်တွေဖြစ်ပြီး ဇာတ်လမ်းတွဲက မပြီးပျက်သေးတာမို့ ဆက်လက်လေ့လာနိုင်စရာတွေလည်းရှိနိုင်ပါသေးတယ်။ အခုအချက်လေးတွေက သင်တို့ရဲ့ဆက်ဆံရေးကို တစ်စုံတစ်ခုအကျိုးရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။

Phone Khant

We Media

Source - www.myonniyou.com

Original link - https://myonniyou.com/2020/04/16/6-relationship-lessons-the-world-of-the-married/

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။