အသံမကောင်းတဲ့သူတွေလည်း ဆုရနိုင်တဲ့သီချင်းဆိုပြိုင်ပွဲ I Can See Your Voice

သီချင်းဆိုပြိုင်ပွဲတစ်ခုမှာ အသံကောင်းတဲ့သူတွေချည်းပဲဆုရပေမယ့် တောင်ကိုရီးယားနိုင်ငံရဲ့ M net ရုပ်သံလိုင်းက စီစဉ်ရိုက်ကူးပြသတဲ့ I Can See Your Voice ဆိုတဲ့ ရုပ်သံအစီအစဉ်ဟာဆိုရင် နာမည်ကြီးလူကြိုက်များပြီး တောင်ကိုရီးယားတွင်သာမက ဘူဂေးရီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတွေမှာလည်း ပုံစံတူပြိုင်ပွဲမျိုးတွေ ကျင်းပပြသနေကြပြီဖြစ်ပါတယ်…။

Season 1, 2, 3 ပြီးနောက် အခုလက်ရှိကတော့ Season 4 ရောက်နေပြီဖြစ်ပါတယ်…။ ပြိုင်ပွဲရဲ့ သဘောတရားကတော့ အသံကောင်းသူ၊ မကောင်းသူ စုစုပေါင်းခြောက်ယောက်ကို ပွဲထုတ်ပြသပြီး သီချင်းမဆိုပြခိုင်းပဲ အပေါ်ယံကြည့်ရှုပြီး အသံမကောင်းဘူးဟုထင်တဲ့သူတွေကို ရွေးထုတ်ရမှာဖြစ်ပါတယ်…။ အပတ်စဉ် နာမည်ကျော်အဆိုတော်တစ်ဦး ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့ကို ဖိတ်ကြားပြီး ရွေးချယ်ခိုင်းကာ နောက်ဆုံးကျန်ခဲ့တဲ့သူက အဆိုပညာတော်တဲ့သူဆိုရင်တော့ သူ့ကိုရွေးချယ်တဲ့နာမည်ကြီးအဆိုတော်နဲ့ အတူတွဲဖက်သီဆိုပြီး Digital Single အဖြစ်ထုတ်လုပ်ခွင့်ရမှာဖြစ်ပါတယ်…။

အကယ်၍ အသံလည်းမကောင်း သီချင်းမဆိုတတ်တဲ့သူကို ရွေးချယ်မိရင်တော့ အဲ့ဒီပြိုင်ပွဲဝင်က ဝမ် ၅ သန်းရရှိပိုင်ဆိုင်မှာဖြစ်ပါတယ်…။ သူ့အတွက်ကတော့ အသံမကောင်းပေမယ့် ဆုရတာကြောင့် အင်မတန်ထူးခြားတဲ့ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်…။ 

ဖယ်ထုတ်ခံလိုက်ရတဲ့ ပြိုင်ပွဲဝင်တိုင်းဟာ ချက်ချင်းဆိုသလိုပဲ သူတို့စီစဉ်လာတဲ့ သီချင်းနဲ့ဖျော်ဖြေတင်ဆက်ရမှာဖြစ်ပြီး အသံကောင်းမကောင်းက အဖြုတ်ခံရပြီးမှ သိနိုင်မှာဖြစ်ပါတယ်…။ ဒီလိုပြိုင်ပွဲမျိုးမြန်မာနိုင်ငံမှာလည်း လုပ်စေချင်တာပေါ့၊ အသံမကောင်းတဲ့သူတွေ အနေနဲ့လည်း စင်မြင့်ပေါ်တက်ခွင့်ရတဲ့အတွက် တကယ်တရားမျှတတဲ့ ပျော်ရွှင်စရာပြိုင်ပွဲကြီးပါပဲ…။

ဒီ Video လေးကတော့ ဆုရသွားတဲ့ အသံမကောင်းတဲ့ ပြိုင်ပွဲဝင်တစ်ဦးရဲ့ သီဆိုဖျော်ဖြေမှုပါ… အဆိုတော်နဲ့ တွဲဖက်သီဆိုနေစဉ်မှာပဲ တကယ့်အသံနဲ့ဆိုပြခဲ့တာဖြစ်ပြီး အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်…။