အိန္ဒိယနိုင်ငံမှာ တစ်ရက်ထဲ စံချိန်တင်ကူးစက်မှုအများဆုံးတွေ့ရှိ

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံမှာ ကူးစက်မှုအသစ်စုစုပေါင်း ၃၉၀၀ ကျော်တွေ့ရှိခဲ့ပြီး ဒါဟာ Covid-19 နိုင်ငံတွင်းစတင်ဖြစ်ပေါ်ကတည်းက အမြင့်ဆုံးတွေ့ရှိမှုဖြစ်ကာ စုစုပေါင်းကူးစက်မှုဦးရေ ၄၆၄၃၃ ဦးရှိပြီ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ နိုင်ငံတွင်း lock down ချထားမှုကို ဖြေလျှော့ပေးဖို့စီစဉ်နေစဉ်ကာလမှာဘဲ ကူးစက်မှုတွေထပ်မံမြင့်တက်လာခဲ့တာဖြစ်ပြီး နိုင်ငံရဲ့အချို့ပြည်နယ်တွေမှာတော့ ကန့်သတ်ချက်တွေကို ဖြေလျှော့နေပါတယ်။


Photo Credit - AFP

စားသောက်ဆိုင်တွေပြန်ဖွင့်တာ၊ အလုပ်သမားကန့်သတ်ချက်တွေနဲ့ လုပ်ငန်းတွေကို ပြန်လည်ဖွင့်ခွင့်ပေးတာ၊ အချို့နေရာတွေမှာ ကိုယ်ပိုင်ကားတွေကိုပြန်လည်အသုံးပြုခွင့်ပေးတာတွေ ခွင့်ပြုခဲ့ပြီး အများပြည်သူသယ်ယူ ပို့ဆောင်ရေးတွေကိုတော့ ပိတ်ပင်ထားဆဲဖြစ်ပါတယ်။

ကမ္ဘာ့ဒုတိယလူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ အခြားဥရောပနိုင်ငံတွေနဲ့ယှဉ်ရင် ကူးစက်မှုနည်းပါးနေသေးပြီး ဒါဟာအစိုးရရဲ့ lockdown အစီအစဉ်အောင်မြင်မှုလို့ ပြောလို့ရပေမယ့် ကျွမ်းကျင်သူတွေကတော့ ကန့်သတ်မှုတွေကို စောစောစီးစီးဖျက်သိမ်းလိုက်မယ်ဆိုရင် အရှေ့မှာလုပ်ခဲ့တဲ့ အရာတွေက အကျိုးမရှိဖြစ်သွားမယ်လို့ပြောဆိုနေပါတယ်။


Photo Credit - Reuters

ဒါ့အပြင်အိန္ဒယနိုင်ငံဟာ အခြားနိုင်ငံတွေနဲ့ယှဉ်ရင် စစ်ဆေးမှုပမာဏလျော့နည်းနေသေးပြီး နိုင်ငံအနေနဲ့ စစ်ဆေးမှုပမာဏတိုးမြှင့်ဖို့ကိုလည်း လုပ်ဆောင်နေပါတယ်။ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုချက်အရ ၎င်းတို့အနေနဲ့ တစ်ရက်ကို စစ်ဆေးမှု ၁သိန်းပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Phone Khant

We Media

Source – BBC

Original Link - https://www.bbc.com/news/world-asia-india-52544054?at_medium=custom7&at_custom4=0777ABE8-8EC7-11EA-ADBB-B1C4FCA12A29&at_custom2=facebook_page&at_campaign=64&at_custom1=%5Bpost+type%5D&at_custom3=BBC+News

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။