လာမယ့် ဇွန် ၁၂ ရက်နေ့မှာ ကြည့်ရတော့မယ့် ဂျီချန်းဝုနဲ့ ကင်မ်ယူဂျောင်းတို့ရဲ့ ဇာတ်လမ်းသစ်

တောင်ကိုရီးယားမင်းသားချော Ji Chang Wook နဲ့ မင်းသမီးချောလေး Kim Yoo Jung တို့ရဲ့ ဒရမ်မာ ဇာတ်လမ်းသစ် “Convenience Store Saet Byul” ကို လာမယ့် ဇွန်လ ၁၂ ရက်နေ့မှာ SBS ရုပ်သံလိုင်းကနေ စတင်ပြသသွားမှာ ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းသစ်ကို “The King: Eternal Monarch” ဇာတ်လမ်းပြီးတာနဲ့ ကြည့်ရှုကြရမှာပါ။


Image Credit: Pinterest

SBS ရုပ်သံလိုင်းမှာ လတ်တလောပြသနေတဲ့ လီမင်ဟိုနဲ့ ကင်မ်ဂိုအွန်းတို့ပါဝင်တဲ့ “The King: Eternal Monarch” ဇာတ်လမ်းဟာ ဇွန်လ ၆ ရက်နေ့ (စနေနေ့) ညမှာ ဇာတ်သိမ်းမှာ ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းပြီးလို့ နောက်တစ်ပတ် သောကြာနေ့ (ဇွန်လ ၁၂ ရက်နေ့) မှာတော့ “Convenience Store Saet Byul” ဇာတ်လမ်း သစ်ကို စတင်ပြသသွားမှာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ ဇာတ်လမ်းသစ်အတွက် ပထမဆုံးဇာတ်ညွှန်းဖတ်ပွဲကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲကို မင်းသား ဂျီချန်းဝုနဲ့ မင်းသမီး ကင်မ်ယူဂျောင်းတို့အပါအဝင် ဇာတ်လမ်းထဲမှာပါဝင်မယ့် သရုပ်ဆောင်တွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ 


Image Credit: Twitter

အဲဒီဇာတ်ညွှန်းဖတ်ပွဲကို တက်ရောက်လာသူတွေရဲ့ အဆိုအရ ဂျီချန်းဝုဟာ သူ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်နေရာအတွက် ဇာတ်ညွန်းဖတ် သရုပ်ဆောင်ပြရင်းနဲ့ ပွဲတက်ရောက်တိုင်းကို ရယ်မောပျော်ရွှင်စေခဲ့ တယ်လို့ ဆိုပါတယ်။

ဂျီချန်းဝုဟာ အဲဒီဇာတ်လမ်းထဲမှာ သူတပါးကိုအဖက်မလုပ်တတ်တဲ့ ခပ်တည်တည် ဆိုင် ပိုင်ရှင်ဖြစ်ပေမဲ့ ဇာတ်ကောင်မင်းသမီး ဂျန်ဆယ် ဗြောနဲ့တွေ့တဲ့အခါမှာတော့ သူ့ရဲ့အကျင့်စရိုက်တွေ တစ်မျိုး ပြောင်းလဲကုန်တဲ့ ဇာတ်ကောင်မျိုး အဖြစ် သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ကင်မ်ယူဂျောင်းကတော့ ဂျန်ဆယ်ဗြောဆိုတဲ့ ခပ်ဆန်းဆန်းကောင်မလေးအဖြစ် သရုပ်ဆောင်သွားမှာပါ။


Image Credit: Pinterest

ဇာတ်လမ်းဒါရိုက်တာဖြစ်သူ Lee Myung Woo က “Convenience Store Saet Byul ဟာ လူများစွာ ကို အပြုသဘောဆောင်တဲ့ အင်အားတွေ ပေးစွမ်းနိုင်မယ့် ဒရမ်မာဇာတ်လမ်းတစ်ပုဒ် ဖြစ်လာမယ်လို့ ယုံကြည် ကြောင်း” ကိုလည်း မှတ်ချက်ပေးထားပါတယ်။ အဲဒီဇာတ်လမ်းမှာ ဂျီချန်းဝုဇာတ်ကောင်ရဲ့ချစ်သူကောင်မလေး အဖြစ် Han Sun Hwa၊ ဆယ်ဗြောရဲ့ ညီမ အဖြစ် LABOUM ရဲ့ Solbin၊ ဂျီချန်းဝုရဲ့အဖေအဖြစ် Lee Byung Joon တို့က အားဖြည့်ပါဝင်သွားကြမှာ ဖြစ်ပါတယ်။


Image Credit: Pinterest

ပရိသတ်အကြိုက် အချစ်ဒရမ်မာဇာတ်မြူးပုံစံလေးဖြစ်တဲ့ “Convenience Store Saet Byul” ဟာ ဇာတ်လမ်းနဲ့ သရုပ်ဆောင်မှုတွေကြောင့်တင်မက fan အင်အားတောင့်တင်းကြတဲ့ ဂျီချန်းဝုနဲ့ ကင်မ်ယူဂျောင်းတို့ကြောင့် လည်း ကြည့်ရှုသူများမယ့် ဇာတ်လမ်းတွဲတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။

“Convenience Store Saet Byul” ကို လာမယ့် ဇွန်လ ၁၂ ရက်နေ့ကစပြီး အပတ်စဉ် သောကြာနဲ့ စနေ ညတိုင်းမှာ SBS ရုပ်သံလိုင်းကနေ ထုတ်လွှတ်ပြသွားမှာ ဖြစ်ပါတယ်။

Katie Scarlett

We Media

Source: Soompi

Original Link: https://www.soompi.com/article/1398786wpp/ji-chang-wook-kim-yoo-jung-han-sun-hwa-solbin-more-attend-1st-script-reading-for-new-rom-com-drama?fbclid=IwAR1xgBriIpKFsAf4503isCiGstLqnxh2P0kQmdTZOSBmwW4mp_B9zLJINrU



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။