MILO Pancake and MILO Sandwich for Breakfast

MILO ကြိုက်တဲ့ ပရိတ်သတ်ကြီးအတွက် MILO နဲ့ လုပ်စားလို့ရတဲ့ မုန့် (၂) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ အရသာလည်းရှိ၊ အာဟာရလည်းရှိပြီး ကောင်းမွန်တဲ့ မနက်စာလေးဖြစ်စေမှာပါ။


MILO Pancake

Ingredients

MILO အမှုန့် (MILO Powder) - 2 Cups

ဂျူံ (Flour) - 2 or 3 Cups

သကြား (Sugar) - 2 tbs

ကြက်ဥ (Egg) - 1 nos

ဆီ (Oil) -  2 tbs

မုန့်ဖုတ်ဆိုဒါ (Baking Powder) -   2 tbs

နွားနို့  -  2 Cups

Methods

- ဦးစွာ ဇလုံတစ်လုံးထဲကို ပါဝင်ပစ္စည်းတွေဖြစ်တဲ့ Milo အမှုန့်၊ ဂျူံ၊ မုန့်ဖုတ်ဆိုဒါ၊ သကြား၊ ကြက်ဥ၊ ဆီ၊ နွားနို့ အားလုံးကို ပျစ်တဲ့အနေအထားထိရောက်အောင် ရောမွှေပေးပါ။

-  ပန်ကိတ်အချပ်လေးတွေ အပေါ်မှာစမ်းဖို့ ယိုအတွက် Milo အမှုန့်ကို ရေနွေးနဲ့ ပျစ်နေအောင် ဖျော်ထားပါ။

- ပြီးရင်တော့ ဒယ်ပြားကို အပူပေးပြီး မွှေထားတဲ့ ပန်ကိတ်ပျော်ရည်ကို အဝိုင်းလေးတွေဖြစ်အောင် လောင်းထည့်ပြီး ဟိုဘက်ဒီ ဘက်လှန်ပေးပါ။ 

- ပန်ကိတ်အချပ်လေးတွေ ရလာပြီဆိုရင်တော့ ပန်ကိတ်အပေါ်မှာ Milo ယိုလေးစမ်းပြီး အရသာရှိစွာ စားသုံးနိုင်ပြီဖြစ်ပါတယ်။

မှတ်ချက်- ပန်ကိတ်ပြုလုပ်ဖို့အတွက် အိုးမကပ်တဲ့ ဒယ်ပြားအိုးကို ရွေးချယ်ပေးဖို့တော့ လိုအပ်ပါတယ်။

=================================


MILO Sandwich

Ingredients

Milo အမှုန့်  - 2 tbs

ထောပတ် (Butter) - 1 tbs

ပေါင်မုန့် (Bread) - 4 slices 

နို့ဆီ (condensed milk) - a little

Methods

- ပထမဦးဆုံး မိုင်လိုကို ရေနွေးအနည်းငယ်နဲ့ ပျစ်နေအောင်ဖျော်ပေးပါ။

- ပေါင်မုန်း ၂ ချပ်ကို နို့ဆီသုတ်ပြီး ကျန် ၂ ချပ်ကိုတော့ ထောပတ်သုပ်ထားပါ။

- ပြီးရင်တော့ ဖျော်ထားတဲ့ မိုင်လိုအနှစ်ကို ထောက်ပတ်သုပ်ပြီးသား ၁ ချပ်နဲ့ နို့ဆီသုပ်ထားတဲ့ ၁ ချပ်အပေါ်ကို သုပ်လိုက်ပါ။

- မတူညီတဲ့ ပေါင်မုန့်နှစ်ချပ်ကို ထပ်လိုက်ရင်တော့ အရသာရှိပြီး အမြင်ဆန်းတဲ့ Milo Sandwich လေး ရရှိပြီ ဖြစ်ပါတယ်