အဆီများတဲ့ အစားအသောက်တွေ သုံးဆောင်ပြီးတိုင်း လုပ်ဆောင်ရမယ့်အချက် (၅) ချက်

(၁) ရေနွေးသောက်ပေးပါ


အဆီများတဲ့အစားအသောက်တွေ စားပြီးတိုင်းမှာ ရေနွေးကိုတော့ အနည်းဆုံးတစ်ခွက်လောက်တော့သောက်ပေးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ ရေနွေးဟာ ကိုယ်အလေးချိန်တိုးပွားမှုကို ကာကွယ်ပေးနိုင်တဲ့ သဘာဝဆေးတစ်မျိုးဆိုလည်းမမှားပါဘူး။ ဒါ့အပြင် ရေနွေးဟာ အစာအိမ်၊ အသည်း တွေကို ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။


 (၂) စားပြီးတိုင်းချက်ချင်းမအိပ်ပါနဲ့


များသောအားဖြင့်လူတွေက အစာစားပြီးတိုင်း အိပ်ငိုက်ချင်လာကြတယ်။ အိပ်ချင်ကြတယ်။ ပျင်းလာတတ်ကြတယ်။ ဖြစ်နိုင်ရင်တော့ ချက်ချင်းမအိပ်ပါနဲ့။ အစာစားပြီးတိုင်း ၂ နာရီကြာလောက်အနားယူပြီးမှ အိပ်ချင်အိပ်ပေါ့။ ဘာဖြစ်လို့လဲဆိုရင် ကိုယ်စားသုံးလိုက်တဲ့ အစားအစာထဲက ကယ်လ်လိုရီတွေဟာ ဝဖြိုးမှုကို ပေးစွမ်းနိုင်တဲ့အတွက်ကြောင့်မို့လို့ဖြစ်ပါတယ်။


(၃) လေ့ကျင့်ခန်းလုပ်ပါ


လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ကျန်းမာရေးအတွက်လည်းကောင်းမွန်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခိုင်းတယ်ဆိုတာ အစာစားပြီးပြီးချင်း အလေးမတာတို့ Weight တုံးကြီးမတာတို့ အဲလိုတွေလုပ်ရမှာမဟုတ်ပါဘူး။ အစာစားပြီးရင် ချက်ချင်းမထိုင်ပဲ လမ်းလေးဘာလေး လျှောက်ခြင်းအားဖြင့် အဆီချလို့ရပါတယ်နော်။

 (၄) အေးတဲ့အစားအသောက်တွေရှောင်ပါ


ရေခဲမုန့်လိုမျိုးပေါ့။ အစပ်ပါ အဆီများတဲ့ အစားအသောက်တွေစားပြီးတိုင်း အေးတဲ့ Deserts တွေကို မစားသုံးသင့်ပါဘူး။ အစာအိမ်တို့အသည်းတို့ မထိခိုက်ရင်တောင်မှ သင့်ကျန်းမာရေးအတွက် ကောင်းတဲ့အရာမျိုးမဟုတ်တဲ့အတွက်ဖြစ်ပါတယ်။

 (၅) နောက်အစားအသောက်တစ်ခုဆို အသီးအရွက်ပဲစားပါ


ဆိုလိုချင်တာကာ အရှေ့တစ်နပ်မှာ ကိုယ်က အဆီများတဲ့အစားအသောက်တွေပဲစားထားလို့ရှိရင် နောက်တစ်နပ်မှာ အသီးအရွက်အများများစားပေးဖို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ ကယ်လိုရီတွေ မျှတ စေနိုင်ဖို့အတွက်ပါ။ ပြီးတော့ အစာချေဖျက်ခြင်းအခန်းကဏ္ဍမှာ ကောင်းမွန်စွာဆောင်ရွက်နိုင်ဖို့အတွက် ရေသန့်တွေကိုလည်း များများသောက်ပေးရပါမယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။