ဟယ်ရီပေါ်တာရဲ့အဓိကပင်တိုင် ၃ ယောက်ထဲမှာ အစောဆုံး ကလေးအဖေဖြစ်သွားတဲ့ Rupert Grint

နာမည်ကျော် ဟယ်ရီပေါ်တာဇာတ်လမ်းတွေထဲမှာ ရွန် (Ron Weasley) အဖြစ် လူသိများခဲ့တဲ့ အင်္ဂလိပ် မင်းသား ရူးပတ်ဂရင့် (Rupert Grint) ဟာ အခုဆိုရင် သမီးငယ်တစ်ယောက် ထွန်းကားပြီး ဖခင်ဘဝကို ရောက်ရှိလာပါပြီ။ သူ့ချစ်သူ ဂျော်ဂျီယာဂရုမ်းက သူ့အတွက် သမီးငယ်တစ်ယောက် မွေးဖွားပေးလိုက်တာ ဖြစ်ပါတယ်။


Image Credit: Pinterest

အသက် ၃၁ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ရူးပတ်ဂရင့်နဲ့ အသက် ၂၈ နှစ်အရွယ် ဂျော်ဂျီယာတို့ဟာ ပြီးခဲ့ဲတဲ့ ဧပြီလ အစပိုင်းလောက်ကမှ ကလေးကို ကိုယ်ဝန်ဆောင်ထားရကြောင်း အများကို အသိပေးကြေညာခဲ့တာ ဖြစ်ပါ တယ်။ အဲဒီလိုကြေညာပြီး နောက်တစ်လအကြာမှာတော့ ကလေး မွေးဖွားတဲ့သတင်း ထပ်ထွက်လာခဲ့တာပါ။ သဘောကတော့ ကိုယ်ဝန်ဆောင်ပြီး လအတန်ကြာမှ ပရိသတ်ကို အသိပေးခဲ့ဟန်ပါပဲ။


Image Credit: Shutterstock

ဒါပေမဲ့ အခုချိန်မှာတော့ သူတို့နှစ်ဦးဟာ သမီးငယ်ရဲ့ နာမည်ကိုတော့ အသိပေးကြေညာခြင်း မရှိသေးပါဘူး။ ဂျော်ဂျီယာကလည်း အနုပညာလောကထဲက သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီ သူတို့နှစ်ဦးဟာ ၂၀၁၁ ခုနှစ် လောက်ကတည်းက တွဲခဲ့ကြတာ ဖြစ်ပါတယ်။


Image Credit: Pinterest

၂၀၁၈ ခုနှစ်တုန်းက အင်တာဗျူးတစ်ခုမှာလည်း ရူးပတ်က သူ့အနေနဲ့ မကြာခင်မှာ ကလေးတွေဘာတွေရပြီး အခြေတကျဖြစ်ချင်ကြောင်း ပြောခဲ့ပြီး “တကယ်လို့များ ကျွန်တော့်မှာ သားတစ်ယောက်ရှိလာခဲ့ရင် ရွန်လို့ နာမည်ပေးရမလား၊ နာမည်ကောင်းပဲဗျနော်။ ဒါပေမဲ့ မပေးဖြစ်လောက်ပါဘူး” လို့လည်း သူက ပြောခဲ့ပါတယ်။


Image Credit: Pinterest

ရူးပတ်တစ်ယောက် သားမဟုတ်ဘဲ သမီးလေးထွန်းကားချိန်မှာတော့ ဘယ်လိုနာမည်ပေးမလဲဆိုတာ မသိရသေးပါဘူး။ ဟယ်ရီပေါ်တာ ဇာတ်လမ်းရဲ့ အဓိကပင်တိုင်သရုပ်ဆောင် ၃ ယောက်ထဲမှာ ဒယ်နီရယ်ရက်ကလစ် နဲ့ အမ်မာ၀ပ်ဆန်တို့က ကလေးမရသေးတာကြောင့် ရူးပတ်တစ်ယောက်ကတော့ အစောဆုံး ကလေးအဖေ ဖြစ်သွားတယ်လို့ ဆိုရမှာပါပဲ။


Image Credit: Pinterest

Katie Scarlett
We Media

Source: Daily Mail

Original Link: https://www.dailymail.co.uk/tvshowbiz/article-8298115/Harry-Potter-star-Rupert-Grint-girlfriend-Georgia-Groome-welcome-baby-girl.html?fbclid=IwAR1iBXaNhQFLcWIAqjBcZYSeY2o8iYXaBiAm3dlb39l2pAA7HiaTXNFhD_w


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။