နာဇီဂျာမနီတို့ ကျဆုံးခန်း

နာဇီဂျာမနီတို့အနေနဲ့ ဆိုဗီယက်ပြည်ထောင်စုကို ၁၉၄၁ ခုနှစ် ဇွန်လမှာ ကျူးကျော်ခဲ့ပြီး ဆိုဗီယက်နိုင်ငံရဲ့ ပြည်သူတွေနဲ့ စစ်သား၁၀သန်းကျော်ကို သတ်ပစ်ခဲ့ပါတယ်။ဒါပေမယ့် ၁၉၄၅ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှာတော့ ဆိုဗီယက်တပ်တွေ ဂျာမနီမြို့တော်ဘာလင်ကို ဝင်ရောက်နိုင်ခဲ့ပြီး အဒေါ့ဟစ်တလာရဲ့ နာဇီစစ်တပ်ကြီး ကျရှုံးခဲ့ရပါတယ်။ 

Photo Credit - BBC News

စုစုပေါင်းစစ်သည် ၁.၅ သန်းပါတဲ့ ဆိုဗီယက် တပ်မဟာနှစ်ခုက ဂျာမနီနိုင်ငံရဲ့ အရှေ့နဲ့တောင်ဘက်ကနေ ဝင်ရောက်လာခဲ့ပြီး ဘာလင်ကိုဝန်းရံထားခဲ့ပါတယ်။ ဒါဟာ ဥရောပတိုက်ရဲ့ နောက်ဆုံး တိုက်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။အဒေါ့ဟစ်တလာအနေနဲ့ မြို့ကိုစွန့်ခွာဖို့ငြင်းဆန်ခဲ့ပြီး သူ့ဘဝရဲ့ နောက်ဆုံးနေ့ရက်တွေကို သူ့ရဲ့ဇနီးနဲ့အတူတူ မြို့ရဲ့အလယ်တည့်တည့်မှာရှိတဲ့ ဗုံးခိုကျင်းထဲမှာ ကုန်ဆုံးခဲ့ပါတယ်။

Photo Credit - BBC News

ဟစ်တလာဟာ နောက်ဆုံးအကြိမ်အဖြစ် သူ့ရဲ့အသက်၅၆နှစ်ပြည့်မွေးနေ့ပွဲကို ၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှာ ကျင်းပခဲ့ပြီး မြို့ကိုကာကွယ်ခဲ့တဲ့သူတွေကို ဆုချီးမြှင့်ခဲ့ပါတယ်။အဲ့ဒီနေ့မှာဘဲ ဆိုဗီယက်တပ်တွေက မြို့လယ်ထိချီတက်နိုင်ခဲ့ပြီးတော့ ဘာလင်ဟာ ဧပြီလ ၂၃ ရက်နေ့မှာ အပြည့်အဝလက်နက်ချခဲ့ပါတော့တယ်။

Photo Credit - BBC News

နာဇီတပ်မတော်ဟာ လူအင်အားလက်နက်အင်အားမလုံလောက်တော့ပေမယ့် ဆိုဗီယက်တပ်မတော်ကို နှောင့်နှေးအောင်ပြုလုပ်နိုင်ခဲ့ပါတယ်။၁၉၄၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့မှာတော့ ဟစ်တလာဟာ သူ့ရဲ့ဇနီး အီဗာဘရန်ကို လက်ထပ်ခဲ့ပြီးနောက်မှာတော့ ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်ခဲ့ပါတယ်။ သူတို့ရဲ့ရုပ်အလောင်းတွေကို ဘန်ကာထဲကနေထုတ်ပြီးတော့ မြေပြင်ပေါ်မှာ မီးသဂြိုလ်ခဲ့ပါတယ်။

Photo Credit - BBC News

သိပ်မကြာခင်မှာဘဲ ဆိုဗီယက်တပ်မတော်ဟာ ဘာလင်မှာရှိတဲ့ ပါလီမာန်အဆောက်အအုံကို သိမ်းယူနိုင်ခဲ့ပြီး ဆိုဗီယက်အလံကို လွှင့်ထူနိုင်ခဲ့ပါတော့တယ်။ဘာလင်မြို့ဟာ မေလ ၂ ရက်နေ့မှာ တရားဝင်လက်နက်ချခဲ့ပေမယ့် ဥရောပတစ်ခွင်မှာကျန်ရှိနေတဲ့ နာဇီစစ်တပ်တွေကတော့ ဆက်လက်တိုက်ခိုက်နေခဲ့ပြီး မေလ ၈ ရက်နေ့မှာမှ အမှန်တကယ်အတိုက်အခိုက်ရပ်ဆိုင်းခဲ့ပါတယ်။

Photo Credit - BBC News

Photo Credit - BBC News

ဘာလင်ဟာ စစ်ကြီးပြီးနောက်မှာတော့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ သိမ်းပိုက်ခြင်းခံခဲ့ရပါတယ်။မြို့နေလူထုတွေက မြို့ကိုရှင်းလင်းခဲ့ပြီး အမေရိကန်၊အင်္ဂလန်နဲ့ ဆိုဗီယက်ပြည်ထောင်စုက ခေါင်းဆောင်တွေဟာ ဘာလင်ကိုသိမ်းပိုက်ပြီး လအနည်းငယ်အကြာမှာ ဘာလင်မြို့မှာတွေ့ဆုံခဲ့ကြပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။

Photo Credit - BBC News


Phone Khant

We Media


Source - BBC


Original Link - https://www.bbc.com/news/world-europe-52572544

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။