ရောဂါပိုးကင်းစင်ပြီး နေပြန်ကောင်းလာသူ (၅) ဦး ထပ်တိုး

မေ ၈ ရက်နေ့၊ ညနေပိုင်းတွင် မြန်မာနိုင်ငံ၊ ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ဓာတ်ခွဲစစ်ဆေးမှုများတွင် ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၅) ဦး ထပ်တိုးလာကြောင်း သိရှိပါတယ်။ ထပ်တိုးလာတဲ့ ရောဂါပိုးကင်းစင်သွားသူ (၅) ဦးကတော့ လူနာအမှတ်-၄၅၊ ၇၄၊ ၈၁၊ ၁၀၈ နဲ့ ၁၂၆ တို့ ဖြစ်ပါတယ်။


Image Credit: MOHS

လက်ရှိအချိန်အထိ ရောဂါပိုးကင်းစင် လာသူ စုစုပေါင်း (၆၇) ဦး ရှိနေပြီ ဖြစ်ပါတယ်။ အဆိုပါ ရောဂါပိုး ကင်းစင်ပြီး နေပြန်ကောင်းသူများထဲမှ (၄၃) ဦးကို ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီ ဖြစ်ပြီး သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုနေကြောင်းလည်း သိရပါတယ်။


Image Credit: MOHS

မေ ၈ ရက်နေ့ည ထုတ်ပြန်ချက်အရ ထပ်တိုးလူနာမရှိတာကြောင့် လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၁၇၆ ဦး ရှိပါတယ်။ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်ပြီး နေပြန်ကောင်းလာသူ ၆၇ ဦးရှိလာပြီး သေဆုံးသူ (၆)ဦး ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ COVID-19 လူနာများအားလုံးရဲ့ အချက်အလက်တွေနဲ့ နောက်ဆုံးရသတင်းတွေကိုတော့ We Media ကနေ http://we.com.mm/detail/11817 လခ့်မှာ စုစည်းထားပါတယ်။

Ref - MOHS

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။