ထမင်းမြိန်စေမယ့် ငါးချိုချဉ်ကြော်

ဒီတစ်ခေါက်မှာတော့ ငါးကြိုက်တဲ့ We ပရိတ်သတ်တွေအတွက် သမရိုးကျ ငါးဟင်း၊ ငါးကြော်ကနေ ကွဲထွက်စေပြီး ထမင်းမြိန်စေမယ့် ငါးချိုချဉ်ကြော်နည်းလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

Photo credit- thai food

ပါဝင်ပစ္စည်း

ကတ်ကတစ်ငါး အကောင်ကြီး - ၁ ကောင်

ငရုပ်ပွ - ၁ လုံး

ကြက်သွန်နီ - ၂ လုံး 

ကြက်သွန်ဖြူ - ၃ မွှာ

ခရမ်းချဉ်သီး - ၁ လုံး

မုန်လာဥနီ - အနည်းငယ်

ဂျင်း - လက်တဆစ်

Photo credit- foodsiam

ငရုတ်သီးဆောစ့် - ထမင်းစားဇွန်း ၂ ဇွန်း

ခရမ်းချဉ်သီးဆောစ့် -  ထမင်းစားဇွန်း ၂ ဇွန်း

နာနတ်သီး - အနည်းငယ်

အရသာမှုန့် - အနည်းငယ်

သကြား - လက်ဖက်စားဇွန်း ၁ ဇွန်းခွဲ

Soy Sauce - အနည်းငယ်

ခရုဆီ - အနည်းငယ်

ရှာလကာရည် - အနည်းငယ်

Photo credit- wordpress.com

ပြုလုပ်နည်းအဆင့်ဆင့်

- အရင်ဆုံး ငါးကို ရေစင်အောင်ဆေးပြီး ပဲငံပြာရည်၊ အရသာမှုန့်နဲ့ နယ်ကာ ကြွတ်နေအောင်ကြော်ပြီး ဆယ်ထားပါ။

- ငရုပ်ပွ၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ နာနတ်သီးကို အနေတော်လေးတွေ လှီးထားပါ။

- ကြက်သွန်နီကို ၄ စိတ် စိတ်ထားပါ။ ကြက်သွန်ဖြူနဲ့ ဂျင်းကို ပါးပါးလေးတွေ လှီးပါ။ 

Photo credit- thai food.com

- အရသာမှုန့်၊ ငရုတ်သီးဆောစ့်၊ ခရမ်းချဉ်သီးဆောစ့်၊ Soy Sauce၊ သကြား၊ ခရုဆီ၊ ရှာလကာရည်ထည့်ပြီး အနှစ်လုပ်ပါ။ 

- ချိုချဉ်ကြော်လုပ်ဖို့အတွက် ကြက်သွန်ဖြူ၊ ဂျင်းကို ဆီသတ်ပါ။ (ဂျင်းထည့်တာက ငါးဖြစ်တဲ့အတွက် အညှီနံ့ပျောက်အောင်ပါ)

- ဆီသတ်တဲ့အထဲ ကြက်သွန်နီထည့်ပါ။ ခရမ်းချဉ်သီး၊ ငရုပ်ပွ၊ မုန်လာဥနီ၊ နာနတ်သီးထည့်ကြော်ပါ။ ပြီးရင် ပြင်ထားတဲ့ အနှစ်ကို ထည့်ပါ။

Photo credit- pinterest

- အနံ့မွှေးပြီး အရသာအပေါ့အငန်မြည်းကြည့်လို့ စိတ်ကျေနပ်ပြီဆိုရင်တော့ စောနက ကြော်ထားတဲ့ ငါးအပေါ် လောင်းချလိုက်ပါ။

- ထမင်းနဲ့ တွဲဖက်စားလို့ လိုက်ဖက်တဲ့ ငါးချိုချဉ်ကြော်လေးရပြီ ဖြစ်ပါတယ်။ 

Psyche

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။