John Wick (Chapter One) ကို Youtube မှာ တစ်ရက်တာအခမဲ့ပြသမည်

John Wick (Chapter One) ကို Youtube မှာ တစ်ရက်တာအခမဲ့ပြသမည်

သတင်းကောင်းလေးတစ်ခုလာပါပြီ။ အဲ့ဒါကတော့ John Wick(Chapter One) ကို Youtube ပေါ်မှာ တစ်ရက်တာ အခမဲ့ကြည့်ရမယ့်အခွင့်အရေးပါ။ ပြသမယ့်ရက်က ဒီကနေ့ညနေ ခြောက်နာရီခွဲ (အမေရိက စံတော်ချိန်) နဲ့ဖြစ်ပြီး ရုပ်ရှင်မပြသခင်မှာ ဒီရုပ်ရှင်နဲ့ပတ်သက်တဲ့အကြောင်းတွေကို ရိဗ်စ် (Keanu Reeves) နဲ့ မင်းသမီးကြီး ဟေလီဘယ်ရီ (Halle Berry) တို့က promote လုပ်ပေးဦးမှာပါ။ ဒီအစီအစဉ်ကိုတော့ Youtube Channel တစ်ခုဖြစ်တဲ့ Fandango နဲ့ Lionsgate production တို့ပူးပေါင်းလုပ်ဆောင်တာဖြစ်ပါတယ်။


Image Credit - omaha

နောက်တစ်ခုက John Wick ကြည့်ရှုရင်း အောက်မှာလည်း donate button လေးနှိပ်ပြီး ပိုက်ဆံတွေလှူဒါန်းလို့ရမှာဖြစ်ပါတယ်။ အဲ့ဒါကတော့ အမေရိကန်မှာ အလုပ်လက်မဲ့ဖြစ်သွားတဲ့သူတွေအတွက် ပြန်လည်လှူဒါန်းဖို့လည်းဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Will Rogers Motion Picture Pioneers Foundation လည်းပူးပေါင်းမှာဖြစ်ပြီး WRMPPF က ရုပ်ရှင်နယ်ပယ်ထဲမှာ အလုပ်လုပ်နေတဲ့အခြေခံလူတန်းစားတွေကို တတ်နိုင်သလောက်ကူညီပေးနေတဲ့ လူမှုအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

ပြသမယ့် Youtube Channel ကတော့ Fandango (ဖန်တန်ဂို) ဖြစ်ပြီး အရင်ကလည်း ဖန်တန်ဂို အနေနဲ့ Lionsgate နဲ့ပူးပေါင်းပြီး နာမည်ကျော် ရုပ်ရှင်တွေကို free livestream ပြသခဲ့ဖူးပါတယ်။ free ပြသခဲ့တဲ့အထဲမှာ The Hunger Games, Dirty Dancing နဲ့ La La Land တို့လည်းပါဝင်ခဲ့ပါတယ်။

Gabriel
WE Media
Source - cnet
Original Link - https://www.cnet.com/news/watch-a-livestream-of-john-wick-with-keanu-reeves-tonight/




we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။