မြန်မာနိုင်ငံရဲ့အပူဆုံးမြို့လေး ချောက်မြို့စံချိန်သစ်တင်

မြန်မာနိုင်ငံရဲ့ အပူဆုံးမြို့လေး ချောက်မြို့ကတော့ ဒီကနေ့စံချိန်သစ်ထပ်တင်လိုက်ပါပြီ။ ယနေ့ ညနေ သုံးနာရီ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ချောက်မြို့ရဲ့အပူချိန်ဟာ မနှစ်ကအမြင့်ဆုံးအပူချိန် 46.1'C ကို ချိုးပြီး 46.5'C ဖြစ်လာပြီလို့ သိရပါတယ်။ ယခုစံချိန်ဟာ နှစ်ပေါင်း ၅၂ နှစ်အတွင်း ချောက်မြို့ရဲ့ အမြင့်ဆုံးအပူချိန်ဖြစ်ပါတယ်။

 

Photo - tun

ယခင်မြန်မာနိုင်ငံရဲ့အမြင့်ဆုံးအပူချိန်က မြင်းမူမြို့ရဲ့အပူချိန်ဖြစ်ပြီး ၂၀၁၀ ခုနှစ် မေလက အယ်နီညိုကြောင့် 47.2'C ထိမြင့်တက်ခဲ့ဖူးပါတယ်။ လက်ရှိချောက်မြို့ရဲ့အပူချိန်က 47.5'C ဖြစ်တာကြောင့် မြင်းမူထက် 0.3'C ကျော်ပြီး မြန်မာနိုင်ငံရဲ့အပူချိန်စံချိန်သစ်ဖြစ်လာပါပြီ။

ချောက်မြို့ဟာ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းမှာပါဝင်ပြီး ဧရာဝတီမြစ်အရှေ့ဘက်မ်းမှာ တည်ရှိတဲ့မြို့ဖြစ်ပါတယ်။

နှစ်စဥ်အပူချိန်မြင့်တက်ခဲ့အတွက် နွေရာသီရောက်ရင် အပူဒဏ်ကာကွယ်ရေးအစီအစဥ်တွေလုပ်တာ၊ မိုးရာသီမှာ သစ်ပင်စိုက်ပျိုးတာတွေ လုပ်လေ့ရှိပါတယ်။ 


Photo - thura

ယခုရက်ပိုင်းအတွင်း အပူရှိန်မြင့်တက်လာတဲ့အတွက် အရက်ဘီယာရောင်းချခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။

နှစ်စဥ်ဖွင့်လှစ်နေကြ ​ချောက်မြို့ရဲ့အပူရှောင်စခန်းတွေကလည်း ကိုဗစ်အန္တရာယ်ကြောင့် ပိတ်ထားရတယ်လို့ သိရပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။