ပူပူစပ်စပ် စီချွမ်ဖက်ထုပ်ဆီချက်

ဒီတစ်ခါမှာတော့ ဖက်ထုပ်ကြိုက်သူ We ပရိတ်သတ်တွေအတွက် စီချွမ်ဖက်ထုပ်အစပ်ပြုလုပ်နည်းလေးကို မျှဝေပေးပါမယ်။အရည်လေးကအစ ပူပူစပ်စပ်လေးဆိုတော့ ခံတွင်းလည်းရှင်း ဖက်ထုပ်လေးတွေကလည်း ကိုက်လိုက်တိုင်း နူးအိပြီး အရမ်းအရသာရှိနေမှာပါ...

Photo credit- freepik

ဖက်ထုပ်ပြုလုပ်နည်း

ကြက်သား - ၂၀ ကျပ်သား (နူတ်နူတ်စင်းထားပါ)

ကုဆိုင် - အနည်းငယ် 

ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အရသာမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်ဥ - ၁ လုံး

ငရုတ်ကောင်းမူန့် - အနည်းငယ်

Photo credit- pinterest

ချင်း - အနည်းငယ် (ညက်အောင်ထောင်းထားပါ)

ကော်မှုန့် - ထမင်းစားဇွန်း ၂ ဇွန်း

နှမ်းဆီ - အနည်းငယ်

ဖက်ထုပ်ရွက် - ၁ ထုပ်

- ကုဆိုင်ကို ပါးပါးလှီးပါ။ ပြီးရင် နူတ်နူတ်စင်းထားတဲ့ ကြက်သားထဲ ကုဆိုင်နဲ့ ပါဝင်ပစ္စည်းတွေအားလုံးကို ထည့်ပြီး နှံ့အောင်     နယ်ပါ။

- ပြီးရင်တော့ ဖက်ထုပ်ရွတ်ထဲ နယ်ထားတဲ့ အစာပလာတွေထည့်ပြီး ခေါက်ကာ ရေနွေးဆူဆူထဲတွင်ပြုတ်ပြီး ဆယ်ယူထားပါ။

Photo credit- 510 foodie

စီချွမ်အနှစ်ပြုလုပ်နည်း

စီချွမ်ငရုပ်ဆီ - ၂ ဇွန်း

ပဲငံပြာရည်အကျဲ၊ ပဲငံပြာရည်အပြစ် - ထမင်းစားဇွန်း ၁ ဇွန်း

နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူ - ၂ မွှာ

ကြက်သားမှုန့် - အနည်းငယ်

Photo credit- reddit

ရှာလကာရည် - လက်ဖက်ရည်ဇွန်း၂ ဇွန်း

သကြား - လက်ဖက်ရည်ဇွန်း၂ ဇွန်း

နှမ်း/ ကြက်သွန်မိတ် - အနည်းငယ်

ရေနွေး - ၁ ခွက်

- ကြက်သွန်ဖြူကို ထောင်းပြီး ပါဝင်ပစ္စည်းတွေအားလုံး ရောစပ်လိုက်ရင် ဖက်ထုပ်ထဲထည့်မယ့် စီချွမ်အနှစ်ရပြီဖြစ်ပါတယ်။

Photo credit- serious eat

ပွဲပြင်နည်း 

- ပန်းကန်တစ်လုံးထဲမှာ ဆယ်ယူထားတဲ့ ဖက်ထုပ်တွေကို အရင်ဆုံးထည့်ပါ။

- ပြီးရင်တော့ စပ်ထားတဲ့ စီချွမ်အနှစ်ကို သင့်တော်ရုံလောင်းထည့်ပါ။ ပြီးရင် ကြက်သွန်မိတ်ဖြူးကာ အသင့်စားသုံးနိုင်ပါပြီ။ 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။