ထိုင်းစတိုင်လ် ကြက်ဆာတေးနဲ့ မြေပဲဆောစ့်

အကင်ကြိုက်သူတွေအတွက် အိမ်မှာနေရင်း လုပ်စားနိုင်မယ့် ထိုင်းစတိုင်လ် ကြက်သားဆာတေးနဲ့ မြေပဲဆောစ့်လုပ်နည်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ထိုင်းစတိုင်လ်အတိုင်း အုန်းနို့နံ့မွှေးမွှေးလေးနဲ့ အလွန်အရသာရှိစေမှာပါ။

Photo credit- tasty kitchen

ကြက်ဆာတေးအတွက် ပါဝင်ပစ္စည်း

ကြက်သား ရင်ပုံ - ၂ ခု

နနွင်းမှုန့် - အနည်းငယ်

အုန်းနို့ - ၁ ဘူး

ကြက်သွန်ဖြူ / ဂျင်း - အနည်းငယ်

ပဲငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း

ပျားရည် - အနည်းငယ်

စပါးလင် - အနည်းငယ်

ဆား - အနည်းငယ်

အသားကင်ရန် တုတ်ချောင်း - လိုအပ်သလို

Photo credit- good to know

ပြုလုပ်နည်း

- ပထမဦးဆုံး ကြက်သားကိုရေဆေးပြီး မထူမပါး အမြောင်းလေးတွေ လှီးထားပါ။

- အသားကင်မယ့် တုတ်တွေကို နာရီဝက်ခန့် ကြိုပြီး ရေစိမ်ထားပါ။ (ကင်ရင်မီးမဆွဲအောင်လို့ပါ)

- ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်ကို ထောင်းထားပါ။

Photo credit- taste

- ပြီးရင်တော့ ကြက်သားအမြောင်းလေးတွေကို ပါဝင်ပစ္စည်းအားလုံးနဲ့ ရောနယ်ကာ ၁ နာရီခန့် နှပ်ထားပါ။

- နှပ်တဲ့အချိန်ပြည့်သွားရင်တော့ ရေစိမ်ထားတဲ့ တုတ်လေးတွေနဲ့ ထိုးကာ မီးကင်လို့ရပါပြီ။ 

- ကင်နေစဉ်အတွင်းမှာ အသားနှပ်တုန်းကကျန်တဲ့ အရည်နဲ့သုပ်ပြီး အပေါ်အောက် ကျက်အောင်ကင်ပေးရင် ထိုင်းစတိုင် ကြက်သားဆာတေးရပါပြီ။

Photo credit- aaj daily

အကင်နဲ့တွဲဖက်စားသုံးဖို့အတွက် မြေပဲဆောစ့်လုပ်ရပါမယ်။ မြေပဲဆောစ့်ပြုလုပ်ဖို့အတွက် -

မြေပဲထောင်းပြီးသား - ခွက်သေးတစ်ခွက်

အုန်းနို့ - ၁ ဗူး

နနွင်းမှုန့် - အနည်းငယ်

ပဲငံပြာရည်အကြည် - အနည်းငယ်

သကြား / အသားမှုန့် - အနည်းငယ်

ဆီ - ထမင်းစားဇွန်း ၁ ဇွန်း

Peanut Butter - ထမင်းစားဇွန်း ၁ ဇွန်း (City Mart တွေမှာ ဝယ်လို့ရပါတယ်)

Red Curry Paste - အနည်းငယ် (City Mart တွေမှာ ဝယ်လို့ရပါတယ်)

Photo credit- indoindian.com

- အရင်ဆုံး အုန်းနို့ကို အရင်ကျိုပါ။ အုန်းနို့ဆူလာပြီဆိုရင်တော့ ပါဝင်ပစ္စည်းတွေ ထည့်ပြီး ပျစ်လာသည်အထိ ကျိုပေးပါ။

- မြေပဲဆောစ့်လေးရရှိပြီဆိုရင်တော့ ထိုင်းစတိုင်လ် ကြက်သားဆာတေးလေးနဲ့ အရသာရှိစွာ တွဲဖက်စားနိုင်ပြီ ဖြစ်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။