လေဒီဂါဂါရဲ့ အကူအညီနဲ့ အံ့သြစရာကောင်းလောက်အောင် ဝိတ်ကျသွားတဲ့ Adele

အသက် ၃၂ နှစ်ရွယ် နာမည်ကျော်အဆိုတော် Adele ဟာ အခုနောက်ပိုင်းမှာ အံသြစရာကောင်း လောက်အောင် ဝိတ်ကျပြီး သွယ်လျ သွားတာကို တော်တော်များများ သိရှိပြီး ဖြစ်မှာပါ။ အဲဒီလိုဝိတ်ကျသွားရ တဲ့ အကြောင်းအရင်းတစ်ခုကတော့ Lady Gaga နဲ့ ဟောလိဝုဒ်မင်းသမီးကြီး Cameron Diaz ကြောင့် ဖြစ်ပါသတဲ့။


Image Credit: Starbiz

တခြားတော့ မဟုတ်ပါဘူး။ သူတို့နှစ်ဦးက Adele အတွက် fitness ဆရာနဲ့ စာဖိုမှူးကို လမ်းညွှန်ပေးခဲ့ရုံပါပဲ။ ဒါပေမဲ့ အဲဒါကပဲ Adele အတွက် အများကြီး အထောက်အကူဖြစ်စေခဲ့ပြီး သူမရဲ့ ခန္ဓာကိုယ်ကို အပြောင်းလဲ ကြီး ပြောင်းလဲသွားစေခဲ့ပါတယ်။


Image Credit: Instagram/ Adele

ဂါဂါက သူမလေ့ကျင့်ခဲ့ဖူးတဲ့ fitness ဆရာတစ်ယောက်ကို လမ်းညွှန်ပေးခဲ့တာဖြစ်ပြီး Cameron Diaz ကတော့ သူမရဲ့ personal chef တစ်ယောက်ကို အစားအသောက်ပိုင်းအတွက် လမ်းညွှန်ပေးခဲ့ပါတယ်။ အဲဒီမိတ်ဆွေ နှစ်ယောက်ရဲ့ လမ်းညွှန်မှုတွေကြောင့် အခုဆိုရင် Adele တစ်ယောက် 7 stone (၉၈ ပေါင်) အထိ ဝိတ်ကျသွား ခဲ့ပြီ ဖြစ်ပါတယ်။


Image Credit: Daily Mail

လေဒီဂါဂါရဲ့ trainer ဖြစ်သူ အယ်လ်အေမြို့တော်က Harley Pasternak ဟာ ရီဟားနားနဲ့ ကေတီပယ်ရီတို့ လည်း သဘောကျကြတဲ့ fitness trainer တစ်ယောက် ဖြစ်ပါတယ်။ Adele ဟာ Harley ညွှန်ကြားပြသပေးတဲ့ နည်းလမ်းတွေအတိုင်း လိုက်နာခဲ့ပြီး တစ်ပတ်ကို ၅ ကြိမ် ၃၅ မိနစ်စာဆက်ရှင် ယူခဲ့ပါတယ်။


Image Credit: Daily Mail

Cameron Diaz အကြံပေးတဲ့အတိုင်း ဌားရမ်းဖြစ်ခဲ့တဲ့ စာဖိုမှူး Jason Harley ကတော့ သူမအတွက် နေ့စဉ် ကျန်းမာပြီး ဝိတ်ကျစေမယ့် အစားအသောက်တွေကို ပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီလိုနည်းတွေနဲ့ ကြိုးစားခဲ့တဲ့ Adele တစ်ယောက် ကျန်းမာလှပစွာ ဝိတ်ကျသွားခဲ့ပါပြီ။


Image Credit: Getty Images

Image Credit: Instagram

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ဆိုရှယ်မီဒီယာမသုံးဖြစ်ခဲ့တဲ့ Adele တစ်ယောက် ပြီးခဲ့တဲ့ ရက်ပိုင်းတုန်း က သူမရဲ့ Instagram မှာ ပုံတင်ပြီး သူမရဲ့ ၃၂ နှစ်ပြည့်မွေးနေ့အတွက် ဆုတောင်းပေးခဲ့သူတွေကို ကျေးဇူး တင်ကြောင်း ပြောခဲ့ပါတယ်။ အဲဒီပို့စ်မှာပဲ သူမအနေနဲ့ ကိုဗစ်ကာလမှာ ရှေ့တန်းကပါဝင်နေကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

Katie Scarlett
We Media

Source: Daily Mail

Original Link: https://www.dailymail.co.uk/tvshowbiz/article-8304243/Adele-lost-seven-stone-help-fitness-guru-recommended-Lady-Gaga.html?fbclid=IwAR169HxEMJQkaXLYZyggu5nt2eR1D-eXsvArXUg1L4KZd17uMpldUfyCLjM

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။