ကြက်အူချောင်း ကိုယ်တိုင်ပြုလုပ်နည်း

အပြင်မှာ ဝယ်စားနေရတဲ့ ကြက်အူချောင်း၊ ဝက်အူချောင်းတွေကို အိမ်မှာ ကိုယ်တိုင်ပြုလုပ်နိုင်မယ့် နည်းလေးပါ။

Photo credit- freepik

အခုပြောပြမှာကတော့ ကြက်အူချောင်းလုပ်နည်းလေးပါ။ကိုယ်တိုင်ပြုလုပ်တာဆိုတော့ အန္တရယ်လည်းကင်း ဆိုးဆေးရန်ကလည်း ကင်းဝေးတာပေါ့နော်...

ပါဝင်ပစ္စည်း

ကြက်သား (အရိုးမပါ) - ၃၀ ကျပ်သား (ဝက်သား၊ အမဲသားနှစ်သက်ရာ သုံးနိုင်ပါတယ်)

ဆား - အနည်းငယ်

သကြား - ထမင်းစားဇွန်း ၂ ဇွန်း

ဟင်းချက်အရက် - တစ်ပန်းကန်

ယမ်းစိမ်း - အနည်းငယ် (မကြိုက်ရင် မထည့်လည်းရပါတယ်)

Photo credit- pinterest

ဆိတ်အူ - ၁၅ ကျပ်သား 

ငရုတ်ကောင်း - အနည်းငယ်

တရုတ်မာဆလာ - ထမင်းစားဇွန်း ၁ ဇွန်း

ကတော့ - ၁ ခု

Photo credit- texas

ပြုလုပ်နည်းအဆင့်ဆင့်

- ကြက်သားတွေကို ရေဆေးပြီး တောက်တောက်စင်း (သို့) ကြိတ်ထားပါ။

- ပြီးရင် ဆား၊ သကြား၊ ဟင်းချက်အရက်၊ တရုတ်မာဆလာ၊ ယမ်းစိမ်းထည့်ပြီး သမအောင်နှယ်ပေးပါ။

- ဆိတ်အူတွေကို အတွင်းနဲ့အပြင် အညစ်အကြေးတွေ ဓါးနဲ့ခြစ်ပြီး စင်ကြယ်အောင်ဆေးပြီး ရေစစ်ထားပါ။

Photo credit- ravlic

- ဆိတ်အူတွေကို ကိုယ်လိုချင်တဲ့ အနေအထားလှီးဖြတ်ပါ။ ဆိတ်အူရဲ့ တစ်ဖက်ကိုတော့ ကြိုးနဲ့ချည်ထားပါ။

- ပြီးရင် ဆိတ်အူထဲကို ကတော့လေးနဲ့ နှယ်ထားတဲ့အသားတွေ ထည့်ပါ။

- အစာသွပ်ပြီးသွားရင် ထိပ်နှစ်ဖက်လုံးကို ကြိုးနဲ့ချည်ပြီးပိတ်ပါ။ 

Photo credit- spark recipes

- ကြက်အူချောင်းလေး လေမခိုအောင်၊ မပေါက်ပြဲအောင် သွားကြားထိုးတံလေးနဲ့ အပေါက်လေးအနည်းငယ် ဖောက်ပေးပါ။

- ပြီးသွားရင် နေပူပူမှာ ၂ ရက်ခန့်နေလှန်းလိုက်ရင်တော့ အသင့်ကြော်စားနိုင်မယ့် ကြက်အူချောင်းရပါပြီ။ 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။