ဒိန်ချဉ်အမဲသားနှပ်ဟင်းလျာ

အခုပြောပြပေးမယ့် ဟင်းလျာလေးကတော့ ပုံမှန်ဟင်းတွေထက်ပိုပြီး နူးညံ့တဲ့ အရသာကိုခံစားမိစေမယ့် ဟင်းချက်နည်းလေးပဲ ဖြစ်ပါတယ်။ ဒိန်ချဉ်အမဲသားနှပ်ဆိုပေမယ့် ကိုယ်ကြိုက်တဲ့ အသားတွေကို ဒီနည်းလေးအတိုင်း ချက်လို့လည်းရပါတယ်...

Photo credit- bulletproof

ပါဝင်ပစ္စည်းတွေကတော့

- အမဲသား

- ရှာလကာရည်

- ဒိန်ချဉ် 

- ကြက်သွန်ဖြူ / ကြက်သွန်နီ

- စပါးလင် / ချင်း

- နနွင်းမှုန့် / မာဆလာ / သစ်ချပိုးခေါက်

- ဆား / သကြား

- ဆီသတ်ရွက်

- ငရုတ်သီးအစိမ်းမှုန့်

Photo credit- freepik

ပြုလုပ်နည်းအဆင့်ဆင့်

- အရင်ဆုံး အမဲသားကို ရေသန့်စင်ပြီး အနေတော်အတုံးလေးတွေတုံးပါ။

- ပြီးရင် ရှာကလာရည်အနည်းငယ်ထည့်ပြီး မိနစ် ၂၀ ခန့်နှပ်ထားပါ။ ပြီးရင် ရေဆေးပေးပါ။

- ရေဆေးပြီးသား အမဲသားတွေကို ဒိန်ချဉ်၊ နနွင်းမှုန့်၊ မာဆလာ၊ ဆား၊ သကြားတို့နဲ့ နှပ်ထားပါ။

Photo credit- kitchen key

- ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းကို ကြေအောင်ထောင်းထားပါ။

- ဒယ်အိုးထဲမှာ ဆီပူလာရင် သစ်ချပိုးခေါက်၊ ဆီသတ်ရွက်၊ ငရုပ်သီးအစိမ်းမှုန့်ကို အရင်ထည့်ပါ။ ပြီးရင် ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းကိုထည့်ပါ။

Photo credit- skinny.ms

- ပြီးရင်တော့ နှပ်ထားတဲ့ အမဲသားတွေကိုထည့်ပါ။ ရေကို အမဲသားတွေ မြုပ်တဲ့အထိတည်ပြီး နှပ်ထားပေးပါ။

- ရေခမ်းသွားရင် ထပ်ထည့်ပြီး မွှေပေးပါ။

- ၄၅ မိနစ်လောက်ကြာသွားရင်တော့ အရသာရှိပြီး နူးအိနေတဲ့ ဒိန်ချဉ်အမဲသားနှပ်လေးရပြီဖြစ်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။