ကိုယ်နဲ့ အလိုက်ဆုံး နှုတ်ခမ်းနီ အရောင်ကို ဘယ်လိုရွေးချယ်မလဲ။

လူတစ်ယောက်ရဲ့ မျက်နှာသွင်ပြင်က နှုတ်ခမ်းပေါ်ကို အရောင်လေး တင်လိုက်တာနဲ့ ပြောင်းလဲသွားစေပါတယ်။ အဲ့ဒီတော့ အလှဆုံးပြောင်းလဲမှု ဖြစ်အောင် နှုတ်ခမ်းနီ ရွေးချယ်နည်းလေးတွေ ပြောပေးလိုက်ပါတယ်နော်။

(၁) အသားအရည် အရောင်

ဖြူတဲ့ ဘက်သွားတဲ့ အသားရောင်တွေအတွက်ဆို ပန်းရောင်အနု၊ ပန်းရောင်၊ အနီမှိုင်း အရောင်တို့နဲ့ လိုက်ပါတယ်။ အလယ်အလတ် အသားရောင်ပိုင်ရှင်တို့ကတော့ ချယ်ရီရောင်၊ နှင်းဆီရောင်တို့နဲ့လိုက်ပြီး အသားညိုသူတွေကတော့ အညိုနဲ့ ခရမ်းတို့ကလွဲလို့ ပန်းရောင်အရင့်၊ အနီအတောက်တို့နဲ့ လိုက်ပါတယ်နော်။Image Credit – depositphotos.com/Brightside.com

(၂) နှုတ်ခမ်း ပုံစံ

အပေါ် နှုတ်ခမ်းသားထူတဲ့ လူအတွက်ဆို အောက်နှုတ်ခမ်းသားကို အရောင်အတောက်နဲ့ အပေါ်နှုတ်ခမ်းကို အရောင်ရင့်ဆိုးပါ။ အောက်နှုတ်ခမ်းသားထူတဲ့သူဆိုရင်တော့ အပေါ်နှုတ်ခမ်းအလယ်မှာ Nude အရောင်ထည့်ဆိုးပါ။ အပေါ်၊အောက်ညီတဲ့ နှုတ်ခမ်းပိုင်ရှင် အဖို့ကတော့ Lip Pencil နဲ့ နှုတ်ခမ်းသား ပုံဖော်ပြီး ဆိုးပေးနိုင်ပါတယ်။

နှုတ်ခမ်းပါးရင်တော့ အရောင်ရင့်တွေ၊ ထင်းခနဲမြင်ရမယ့် အရောင်တွေက ကိုယ့်နှုတ်ခမ်းကို ပိုပါးနိုင်စေလို့ ရှောင်ပါ။ Gloss နဲ့ Creamy Lipstick အမျိုးအစားတွေသာ သုံးပေးပါနော်။

နှုတ်ခမ်းထူရင်တော့ အရမ်းနုလွန်းတဲ့ အရောင်တွေကို ရှောင်သင့်ပါတယ်။

(၃) ဆံပင်အရောင်

ဆံပင်အရောင်ရင့်နဲ့ အသားဖြူဖြူဆို - ပန်းရောင်အတောက်၊ ချယ်ရီရောင်တို့ ရွေးချယ်နိုင်ပါတယ်။

ဆံပင်အရောင်ရင့်နဲ့ အသားညိုတဲ့ဘက်ဆို ရွှေအိုရောင်၊ ကြေးနီရောင်နဲ့ မြေအိုးအရောင်တို့ ကို ရွေးချယ်နိုင်ပြီး

ဆံပင်ရွှေရောင်နဲ့ အသားဖြူဖြူဆို ပန်းရောင်မှိုင်းမှိုင်း၊ ခရမ်းရောင်ဆန်တဲ့ ပန်းရောင်နဲ့ အနီရောင်တို့ကို ရွေးနိုင်ပါတယ်။

ဆံပင်ရွှေရောင်နဲ့ အသားညိုတဲ့ဘက်ဆို မြေအိုးရောင်၊ ဆော်လမွန်ရောင်၊ အသားရောင်တို့ကို ရွေးနိုင်ပါတယ်နော်။

(၄) မျက်လုံးအရောင်

ကိုယ့်မျက်ကပ်မှန် အရောင်နဲ့ နှုတ်ခမ်း အရောင်လည်း ချိတ်ဆတ်ရွေးချယ်နိုင်ပါတယ်နော် မျက်လုံးအရောင် အညို - ပန်းရောင်အနု၊ အညိုရောင် လိုက်ဖက်

မျက်လုံးအရောင် အပြာ - ချယ်ရီသီးရောင် အနုမှ အရင့်ထိ လိုက်ဖက်

မျက်လုံးအရောင် အစိမ်း - ပန်းရောင်၊ မြေအိုးရောင်

မျက်လုံးအရောင် မီးခိုး - Nude အရောင်တွေ

(၅) သွားအရောင်

သွားအရောင်ဖြူဖြူလေးဆို ကြိုက်တဲ့ အရောင်ကို ရွေးချယ်နိုင်ပါတယ်။ သွားက ဝါကျင့်ကျင့် အရောင်ပေါက်နေခဲ့မယ်ဆို လိမ္မော်ရောင်မကျ အနီမကျ၊ အနီနုရောင်လေးတွေနဲ့ လိုက်ပြီး သွားကိုထင်းနေမယ့် ခရမ်းရောင်၊ အညိုရောင်၊ အနီရောင်တို့နဲ့တော့ မလိုက်ပါဘူးနော်….

အလိုက်ဖက်ဆုံးနှုတ်ခမ်းနီ အရောင်ရွေးချယ်ပြီး အလှဆုံး အပြုံးကို ပိုင်ဆိုင်နိုင်ပါစေ။

Ref – Brightside.com