
ဆိုရှယ်မီဒီယာမှာရေပန်းစားသွားတဲ့ အသက် ၇၀ ကျော် ဖက်ရှင်ဒီဇိုင်နာရဲ့ အလန်းစားဓာတ်ပုံများ
Vera Wang လို့ နာမည်ရတဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဟာ သူမရဲ့အလန်းစားဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာ ပေါ်တင်ပြီး ဆိုရှယ်မီဒီယာ သုံးစွဲသူတွေကို အံ့သြသင့်သွားစေခဲ့ပါတယ်။ အကြောင်းကတော့ Wang ဟာ အသက် ၇၀ ကျော်အရွယ်ရှိနေတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်နေတာကြောင့်ပါပဲ။ သူမရဲ့ဓာတ်ပုံတွေထဲမှာ သူမဟာ အသက် ၇၀ လို့ မထင်ရအောင် နုပျိုလန်းဆန်းနေပါတယ်။
Image Credit: Instagram/ Vera Wang
သတို့သမီးဝတ်စုံ brand တစ်ခုရဲ့ founder ဖြစ်သူ Wang ဟာ လတ်တလောမှာ အိမ်ထဲကနေ အိမ်ပြင် မထွက်ဘဲ Quarantine လုပ်ရင်း သူမနေထိုင်င်ရာ အမေရိကန်ပြည်ထောင်စု၊ မိုင်ယာမီမှာရှိတဲ့ စံအိမ်မှာ ဓာတ်ပုံတွေ ရိုက်ကူးပြီး သူမရဲ့ အင်စတာဂရမ်စာမျက်နှာမှာ တင်ခဲ့တာ ဖြစ်ပါတယ်။
Image Credit: Instagram/ Vera Wang
အဲဒီဓာတ်ပုံတွေထဲမှာ သူမဟာ လိမ္မော်ရောင်တောက်ပနေတဲ့ sport bra နဲ့ ဂျင်းဘောင်းဘီအတိုကို ဝတ်ဆင်ထားပါတယ်။ အဲဒီလိုဝတ်စား ဆင်ယင်မှုက အသက် ၇၀ လို့ လုံးဝမထင်ရလောက်တဲ့ သူမရဲ့ ခန္ဓာကိုယ်အလှ ကို ပေါ်လွင်နေစေပါတယ်။ အဲဒါကြောင့်လည်း သူမဓာတ်ပုံတွေကို တွေ့မြင်လိုက်ရတဲ့ ဆိုရှယ်မီဒီယာသုံးစွဲသူ အပေါင်းကို အံ့သြ မှင်တက်သွားစေခဲ့တာပါ။
Image Credit: Instagram/ Vera Wang
နောက်ထပ်ပုံတစ်ပုံမှာတော့ သူမဟာ လိမ္မော်ရောင် ဒီဇိုင်းဆန်းဂါဝန်ရှည်ကြီးကို ဘွတ်ဖိနပ်အနက်ရောင်နဲ့ တွဲဖက်ဝတ်ဆင်ကာ မျက်နှာမှာလည်း လိုက်ဖက်ညီစွာ လိမ္မော်ရောင် mask ကို ဝတ်ဆင်ထားပါတယ်။ အဲဒီ ဓာတ်ပုံမှာလည်း အသက် ၇၀ လို့မထင်ရအောင် နုပျိုသွယ်လှတဲ့ ခြေထောက်တွေနဲ့ သူမရဲ့အလှကို တွေ့မြင်ရပါတယ်။
Image Credit: Instagram
အမှန်တကယ်တော့ သူမမျက်နှာဟာ အဲဒီလောက်ကြီး ငယ်ရွယ်နုပျိုတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဖက်ရှင် ဒီဇိုင်နာပီပီ အလန်းစားဝတ်စား ပြင်ဆင်မှုတွေက သူမကို အသက် ၇၀ ကျော်အရွယ်လို့ မထင်ရလောက် နုပျိုတဲ့ အသွင် ပေါက်သွားစေတာ ဖြစ်ပါတယ်။ ဒါ့ပြင် သူမဟာ အမြဲတမ်းစိတ်ပျိုကိုယ်နုပြီး လန်းဆန်းတက်ကြွသူ ဖြစ် နေတာကလည်း သူမကို နုပျိုဟန်ပေါက်စေတဲ့ အချက်တစ်ခုပါပဲ။
Image Credit: Instagram/ Vera Wang
Wang ရဲ့ ဓာတ်ပုံတွေဟာ အင်စတာဂရမ်မှာ like ပေါင်း သိန်းနဲ့ချီအောင် ရရှိခဲ့ပြီး အင်စတာဂရမ်သုံးစွဲသူ တချို့ကလည်း “ဒီလောက်နုပျိုအောင် ယူနီကွန်းသွေးများ သောက်ထားသလားလို့” လည်း မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။
Image Credit: Instagram
Vera Wang ဟာ အသက် ၄၀ အရွယ်လောက်ကျမှ သူမရဲ့ လက်ရှိ သတို့သမီးဝတ်စုံ brand ကို ဖန်တီး တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ သူမဟာ Vogue မှာ ၁၇ နှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့ပြီး နာမည်ကျော် Ralph Lauren ဆီမှာတော့ ၂ နှစ်ကြာ ဖက်ရှင်ဒီဇိုင်နာအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။
Image Credit: Instagram
Katie Scarlett
We Media
Source: Daily Mail
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။