ထိုင်းကြက်ခြေထောက်အစပ်သုပ်

ကြက်ခြေထောက်အစပ်သုပ်က မြင်တာနဲ့ကို ခံတွင်းတွေ့စေမယ်လို့ထင်ပါတယ်။
ရှူးရှူးရှဲရှဲစပ်စပ် လေးဆိုတော့ တကယ်ကိုခံတွင်းတွေ့စေမှာပါ။
ကဲ ဒီတော့အိမ်မှာ ကြက်ခြေထောက်ရှူးရှူးရှဲရှဲလေးကို အလွယ်တကူလုပ်စားလို့ရတဲ့ နည်းလမ်းလေးပြောပြမယ်နော်။

အရင်ဦးဆုံးအရိုးထုတ်ထားတဲ့ ကြက်ခြေထောက်ကို ရေပြောင်အောင်ဆေးကြောသန့်စင်ပြီး၊ ရေနွေးပွက်ပွက်ထဲထည့်ပြီး ပြုတ်ပါ့မယ်။ အရမ်းကြီးနူးညံ့နေစရာမလိုပါဘူး။ ပြီးရင်တော့ ငရုပ်ကောင်းမှုန့်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုပ်သီးစိမ်းလှီးထားတာတွေအရင် ဆီသတ်ပါ့မယ်။

ဆီသတ်ပြီးသွားရင် ငရုပ်ဆီအနှစ်ကို ထပ်လုပ်ရမယ်နော်။

ငရုပ်သီးအနှစ်အတွက် လိုအပ်တဲ့ ပစ္စည်း လေးတွေကတော့
၁. ငရုပ်သီးအစိမ်းမှုန့် ( စားပွဲတင်ဇွန်း ၂ ဇွန်း)
၂. ငရုပ်ဆီအနှစ် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း)
၃. သကြား ( စားပွဲတင်ဇွန်း ၁ ဇွန်း)
၄. ရှာလကာရည် ( လက်ဖက်ရည်ဇွန်း ၁ ဇွန်း)
၅. ပဲငံပြာရည်ကြည် ( စားပွဲတင်ဇွန်း)
၆. နှမ်းဆီ (သို့) မြေပဲဆီ (စားပွဲတင်ဇွန်း ၂ ဇွန်း)

ငရုပ်ဆီအနှစ်ရပြီဆိုရင် ခုနက ဆီသတ်ထားတဲ့ ငရုပ်သီးစိမ်းလေးတွေနဲ့ ငရုပ်ဆီအနှစ်တွေကို ရောသမ မွှေလိုက်ပါ။ အနှစ်ရပြီဆိုရင်တော့ ခုနက ပြုတ်ထားတဲ့ကြက်ခြေထောက်ပေါ်သို့ အနှစ်တွေကိုနယ် မီးအပူပေးပြီး လှိမ့်ပေးလိုက်ပါက၊  ကြက်ခြေထောက်ရှူးရှူးရှဲရှဲ အစပ်သုပ်ကိုရရှိပါပြီ။ ဆိုဂျူလေးသောက်ပြီး  စားရင်တော့ ပိုပြီးစားလို့ကောင်းတာပေါ့နော်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။