
ကိုရီးယားစတိုင် ရေဘဝဲအစပ်ကြော်
ဒီတစ်ခါပြောပြပေးမှာကတော့ အစားအသောက် Blogger တွေ တော်တော်များများ စားပြကြတဲ့ ရေဘဝဲအစပ်ကြော်နည်းလေးပါ။
Photo credit - maangchi
အစပ်ကြိုက်ပြီး ရေဘဝဲကြိုက်သူတွေအတွက်တော့ အခုပြောပြပေးမယ့် ချက်နည်းလေးကြည့်ပြီး လုပ်စားကြည့်ဖို့ အကြံပြုလိုက်ပါတယ်။
Photo credit - maangchi
ပါဝင်ပစ္စည်း
ရေဘဝဲအကောင်ကြီး - ၃ ကောင် (အကောင်သေးလည်း ချက်နိုင်ပါတယ်)
ကြက်သွန်ဖြူ - ၄ မွှာ
ကြက်သွန်နီ - ၁ လုံး
ကြက်သွန်မြိတ် - အနည်းငယ်
ငရုပ်သီး - နှစ်သက်သလို
ဂျင်း - အနည်းငယ်
ကိုရီးယား ငရုပ်နှစ် - ထမင်းစားဇွန်း ၃ ဇွန်း (ကိုယ်နှစ်သက်သလို ထပ်မံထည့်နိုင်ပါတယ်)
ပဲငံပြာရည် - လက်ဖက်စားဇွန်း ၁ ဇွန်း
သကြား - လက်ဖက်စားဇွန်း ၁ ဇွန်း
ငရုတ်ကောင်း - အနည်းငယ်
ငံပြာရည် - လိုအပ်သလို
နှမ်းဆီ - ထမင်းစားဇွန်း ၁ ဇွန်း
ပြောင်းဖူးကော်မှုန့် - အနည်းငယ်
ပြုလုပ်နည်းအဆင့်ဆင့် -
Photo credit - flickr
- ပထမဦးဆုံး ရေဘဝဲတွေကို ရေစင်အောင်ဆေးပြီး ရေနွေးဆူဆူထဲမှာ ၃ မိနစ်ခန့်ပြုတ်ပါ။ ပြီးရင် ဆယ်ထားပါ။
- ရေဘဝဲတွေကို ကိုယ်ကြိုက်နှစ်သက်တဲ့ အနေအထား လှီးဖြတ်ပါ။
- ဆီသတ်ဖို့အတွက် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းကို ထောင်းထားပါ။
- ငရုတ်သီးတွေကို အနေတော် လှီးထားပါ။
Photo credit - time out
-အနှစ်ပြုလုပ်ဖို့အတွက် ကိုရီးယား ငရုပ်နှစ်၊ ပဲငံပြာရည်၊ ဆား၊ သကြား၊ ငရုတ်ကောင်း၊ ငံပြာရည်၊ နှမ်းဆီ၊ ပြောင်းဖူးကော်မှုန့်တွေကို ရောမွှေပြီး အရသာလိုသလိုစပ်ပါ။
- ဒယ်အိုးထဲမှာဆီထည့်ပါ၊ ဆီပူလာပြီဆိုရင် ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးစိမ်း၊ ကြက်သွန်မြိတ်ထည့်ပါ။
Photo credit- pinterest
- ပြီးရင် စောနက ရောနှောထားတဲ့ အနှစ်ကိုထည့်ပါ။ ပြီးရင် ရေဘဝဲတွေကို ထည်ပြီး အရသာဝင်အောင် မွှေရင်းကြော်ပါ။
- ၅ မိနစ်လောက် ထပ်မံကြော်ပြီးရင်တော့ အရသာရှိတဲ့ ကိုရီးယား ရေဘဝဲအစပ်လေး ရပါပြီ။
(ရေဘဝဲအပေါ်ကို နှမ်းလေးဖြူးပြီးတော့လည်း သုံးဆောင်နိုင်ပါတယ်)
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။