နေမကောင်းဖြစ်နေသော မန္တလေးမြို့တော်ဝန်ဇနီး၏ ထက်သန်သောအလှူ

မေ ၁၆၊ ၂၀၂၀


မန္တလေးတိုင်း မြို့တော်ဝန်ဒေါက်တာဦးရဲလွင်သည် နေမကောင်းဖြစ်နေသော ဇနီး ဒေါက်တာ​ ဒေါ်လှမျိုးခင်၏ ဆန္ဒအတိုင်း မန္တလေးမဟာမြတ်မုနိဘုရားကြီးသို့  စိန်နားကပ်တစ်ရံနှင့် စိန်လည်ဆွဲတစ်ခု လှူဒါန်းခဲ့ကြောင်းသိရပါသည်။ 


စေတနာ သဒ္ဒါတရားထက်သန်စွာ လှူဒါန်းခဲ့ကြသော မန္တလေးမြို့တော်ဝန် ဒေါက်တာဦးရဲလွင် + ဒေါက်တာ​ဒေါ်လှမျိုးခင်၊ သား ဒေါက်တာနိုင်လွင် တို့ မိသားစုအလှူအတွက် ဂေါပကအဖွဲ့မှ ချီးကျူးဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။


မန္တလေးမြို့တော်ဝန် ဒေါက်တာဦးရဲလွင်သည် စီမံခန့်ခွဲမှုထူးချွန်သူဖြစ်ပြီး မန္တလေးတိုင်း ပြည်သူများ သိသင့်သိထိုက်သည်များကို ဖေ့ဘုတ်မှ အသိပညာပေးနေသူတစ်ဦးဖြစ်ပါသည်။


Source - Dr.YeLwin

photo - Dr.YeLwin

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။