ကမ္ဘာတလွှား ကိုဗစ်သတင်းများ (မေ ၁၇)


photo - afp

အိန္ဒိယကျန်းမာရေးဝန်ထမ်းများ အခက်ကြုံ

အိန္ဒိယနိုင်ငံမှာ ကူးစက်နှုန်းမြင့်တက်လာပြီး ဆေးရုံတွေမှာ လူနာ​တွေ ပြည့်နှက်နေတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေ အခက်တွေ့နေရပါတယ်။ ဆေးရုံတွေမှာ သာမန်လူနာနဲ့ ကိုရိုနာသံသယရှိလူနာတွေကို ရောနှောထားရလို့ ကူးစက်မှုတိုးလာမှာကို ဆရာဝန်တွေက စိတ်ပူနေကြပါတယ်။ 


photo - afp

ဖိလစ်ပိုင်စူပါမားကတ်တွေပြန်ဖွင့်

ဖိလစ်ပိုင်နိုင်ငံမှာ နှစ်လကြာပိတ်ထားရတဲ့ ​စူပါမားကတ်တွေကို ပြန်ဖွင့်ခဲ့တယ်လို့သိရပါတယ်။ စူပါမားကတ်တွေမှာ လေအေးပေးစက်ကို အပူငွေ့ပေးထားပြီး wifi စက်တွေကိုလည်း ပိတ်ထားတယ်လို့ သိရပါတယ်။ တင်းကျပ်တဲ့စည်းကမ်း တွေကြောင့် မနီလာမြို့တော်မှာ စျေးဝယ်သူ အနည်းငယ်သာ ရှိခဲ့ပါတယ်။


photo - afp

ဆန်တီယာဂို Lockdown

ချီလီနိုင်ငံမှာ ကိုရိုနာကူးစက်မှုမြင့်တက်လာတဲ့ အတွက် မြို့တော်ဆန်တီယာဂိုကို ချီလီအစိုးရက Lockdown ချလိုက်ပါတယ်။


photo - afp

စပိန် Lockdown သက်တမ်းတိုးဖွယ်ရှိ

စပိန်ဝန်ကြီးချုပ်ပက်ဘလိုဆန်းချက်စ်က စပိန်နိုင်ငံမှာ ကိုရိုနာကူးစက်မှုမြင့်တက်နေဆဲဖြစ်တာကြောင့် အရေးပေါ်အခြေအနေကို တစ်လလောက် တိုးသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။


photo - afp

နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပေးမယ့် အီတလီ

အီတလီအစိုးရက ကမ္ဘာလှည့်ခရီးသည်တွေ အတွက် ဇွန်လဆန်းမှာ နယ်စပ်တွေပြန်ဖွင့်ပေးဖို့ စီစဥ်နေပါတယ်။ ကမ္ဘာ့လှည့်ခရီးသည်တွေကို Quarantine ၁၄ ရက် ဝင်ခိုင်းမှာမဟုတ်ဘူးလို့ဆိုပါတယ်။ အီတလီနိုင်ငံသားတွေကိုလည်း ခရီးသွားလာခွင့်ပေးလိုက်ပြီး ရောဂါပြန့်ပွားရင် ကန့်သတ်မှုတွေ ပြန်လုပ်မယ်လို့ ကြေညာထားပါတယ်။


photo - afp

ဂျာမနီမှာ ကျင်းပမယ့် ကိုရိုနာဆန္ဒပြပွဲ

ဂျာမနီအစိုးရရဲ့ Lockdown ဖြေလျော့မှုအပေါ် မကျေနပ်တဲ့ ပြည်သူတွေက မြူးနစ်၊ စတုဂတ်နဲ့ ဘာလင်မြို့တွေမှာ ဆန္ဒပြပွဲတွေလုပ်မယ်လို့ ကြေညာထားပါတယ်။ ဂျာမနီအစိုးရကတော့ ဆန္ဒပြပွဲတွေဖြစ်လာရင် တားဆီးဖို့ ရဲတပ်ဖွဲ့ကိုအသင့်ပြင်ထားတယ်လို့ သိရပါတယ်။


photo - afp

ကနေဒါလေကြောင်းလိုင်း အခြေအနေမကောင်း

ကနေဒါလေကြောင်းလိုင်းက ဝန်ထမ်း ၃၈၀၀၀ ကျော်လျော့ချလိုက်တဲ့အတွက် လေယဥ်ပျံသန်းမှု ၉၀ရာခိုင်နှုန်းကို လုပ်နိုင်တော့မှာ မဟုတ်ဘူးလို့ ကြေညာလိုက်ပါတယ်။


source - ap


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။