ကြည့်ရှုသူအများဆုံး စံချိန်သစ်ထပ်တင်သွားတဲ့ The World of the Married ရဲ့ ဇာတ်သိမ်းပိုင်း

နိုင်ငံတကာက တောင်ကိုရီးယားရုပ်ရှင်ချစ်ပရိသတ်တွေ လက်မလွတ်တမ်းအားပေးကြည့်ရှုခဲ့ကြတဲ့ “The World of the Married” ဇာတ်လမ်း တွဲဟာ မေ ၁၆ ရက်၊ မနေ့က ဇာတ်သိမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ တောင်ကိုရီးယားရဲ့ ဇာတ်လမ်းတွဲတွေထဲမှာ ကြည်ရှုနှုန်း အများဆုံးအဖြစ် စံချိန်ချိုးထားတဲ့ အဲဒီဇာတ်လမ်းဟာ အခုဇာတ်သိမ်းပိုင်းမှာလည်း စံချိန်သစ်တစ်ခု ထပ်တင်သွားခဲ့ပါပြီ။


Image Credit: Pinterest

နိုင်ငံတကာပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားသွားခဲ့တဲ့ JTBC ရဲ့ “The World of the Married” ဟာ တောင်ကိုရီးယားရုပ်သံသမိုင်း ကြောင်းမှာ ပြသခဲ့သမျှ ဇာတ်လမ်းတွဲတွေထဲမှာ အမြင့်ဆုံး rating ရရှိခဲ့ပြီး ကိုရီးယားဇာတ်လမ်းတွဲသမိုင်းမှာလည်း စံချိန်သစ်တင်သွားခဲ့တာ ဖြစ်ပါတယ်။


Image Credit: Freepik

Nielsen Korea မှာ ဖော်ပြချက်အရဆိုရင် The World of the Married ရဲ့ နောက်ဆုံး ဇာတ်သိမ်းပိုင်းဟာ တောင်ကိုရီးယားတစ်နိုင်ငံလုံးမှာ ပျမ်းမျှအနေနဲ့ ၂၈.၇ ရာခိုင်နှုန်းအထိ rating ရရှိခဲ့ပါတယ်။ အရင်က Sky Castle ဇာတ်လမ်းကို စံချိန်ချိုးခဲ့တဲ့ ၂၄.၃၀ ရာခိုင်နှုန်းထက်ကို ပိုသာသွားတာကြောင့် ဇာတ်လမ်းနောက်ဆုံးပိုင်းဟာ သူ့ရဲ့ကိုယ်ပိုင်စံချိန်ကိုပါ ထပ်ချိုးပြီး စံချိန်သစ်တင်သွားခဲ့တာပါ။


Image Credit: JTBC

“The World of the Married” ဟာ ကနဦးပြသစဉ်ကတည်းက rating ကောင်းခဲ့တာ ဖြစ်ပြီး အပိုင်း ၁၆ ပိုင်း လုံးဟာ တစ်ပိုင်းပြီးတစ်ပိုင်း rating ပိုကောင်းလာခဲ့တာ ဖြစ်ပါတယ်။ အပိုင်း ၁၂ မှာတော့ အရင်က rating အကောင်းဆုံးဖြစ်ခဲ့တဲ့ Sky Castle ကိုပါ ကျော်လွန်ပြီး ကြည့်ရှုသူအများဆုံး တစ်နည်းအားဖြင့် rating အကောင်းဆုံး တောင်ကိုရီးယားဇာတ်လမ်းတွဲ ဖြစ်လာခဲ့ပါတယ်။


Image Credit: Freepik

အိမ်ထောင်ရေးဖောက်ပြန်မှုကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ အဲဒီဇာတ်လမ်းတွဲဟာ လက်တွေ့ဘဝမှာ ဖြစ်ပျက်နေတာတွေနဲ့ နီးစပ်မှုရှိပြီး မထင်မှတ်တဲ့ ဇာတ်လမ်းလမ်းဇာတ်ကွက်တွေကလည်း ကြည့်ရှုသူတွေကို လက်မလွတ်ချင်အောင် ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။


Image Credit: JTBC

အဲဒီဇာတ်လမ်းမှာ အသက် ၅၄ နှစ်အရွယ် နာမည်ကျော်တောင်ကိုရီးယားမင်းသမီးကြီး Kim Hee-ae က အဓိကပါဝင်သရုပ်ဆောင်ထားပြီး မင်းသား Park Hae-joon နဲ့ မင်းသမီးချော Han So-hee တို့လည်း တွဲဖက် ပါဝင်ထားပါတယ်။


Image Credit: JTBC

မကြာခင်ကျင်းပမယ့် Baeksang ဆုပေးပွဲကြီးမှာလည်း မင်းသမီး Kim Hee-ae က အကောင်းဆုံးမင်းသမီးဆု၊ Han So-hee က အကောင်းဆုံး မျက်နှာသစ်သရုပ်ဆောင်မင်းသမီးဆုနဲ့ ဒါရိုက်တာ ဖြစ်သူ Mo Wan-il ကလည်း အကောင်းဆုံးဒါရိုက်တာဆုတို့ ဆန်ခါတင်စာရင်းဝင်ထားပါတယ်။

Congratulations! “The World of the Married”

Katie Scarlett
We Media

Source: Soompi

Original Link: https://www.soompi.com/article/1400807wpp/the-world-of-the-married-ends-by-smashing-its-own-record-for-highest-drama-ratings-in-cable-tv-history?fbclid=IwAR3wV5HGvv_Mys3s1wq8eKnSVV7tPpxRbMPxYKsD-xq1rNqjIOj9GhCyr4o

ဆက်စပ်ရှာဖွေမှုများ - Wikipedia

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။