မင်္ဂလာဝတ်စုံနဲ့ပတ်သက်ပြီး ယောက္ခမနဲ့ ပြဿနာဖြစ်ရင် ဒီနည်းသုံးပါ

မင်္ဂလာဆောင်တွေမှာ မင်္ဂလာဝတ်စုံရွေးတဲ့ကိစ္စကို ကာယကံရှင်မင်္ဂလာမောင်နှံတွေပဲ လုပ်ကြတာများပါတယ်။
ဒါပေမယ့် အင်္ဂလန်က မင်္ဂလာပွဲတစ်ခုမှာတော့ ယောက္ခမဖြစ်သူက သူကြိုက်တဲ့ အဖြူရောင်ကို အတင်းအကြပ်ဝတ်ဆင်ခိုင်းတာကြောင့် ဓာတ်ပုံဆရာက ပညာပြပြီး သတို့သမီးကြိုက်တဲ့ အနီရောင်ကို Photoshop နဲ့ပြန်ပြောင်းပေးခဲ့ရပါတယ်။

photo - sun
ယောက္ခမက အဖြူရောင်၊ သတို့သမီးက အနီရောင် သဘောထားကွဲလွဲကြတော့တယ်။
သတို့သမီးဖြစ်သူနဲ့ ယောက္ခမ သဘောထားခြင်းမတိုက်ဆိုင်ဘဲ မင်္ဂလာပွဲပျက်မှာစိုးလို့ သတို့သမီးဘက်က အလျော့ပေးခဲ့ရပါတယ်။ အဲဒါကိုသိတဲ့ဓာတ်ပုံဆရာက သတို့သမီးကို Photoshop နဲ့အရောင်ပြောင်းရလွယ်တဲ့ အဖြူရောင်ဝတ်စုံဒီဇိုင်းကို ဝတ်ဆင်ခိုင်းခဲ့ပါတယ်။ ဓာတ်ပုံတွေထုတ်တဲ့အခါ ယောက္ခမအတွက် အဖြူရောင်၊ သတို့သမီးအတွက် အနီဝတ်စုံနဲ့  ဓာတ်ပုံတွေထုတ်ပေးပြီး ဖြေရှင်းခဲ့ရပါတယ်။


photo - sun
မင်္ဂလာပွဲမှာ ယောက္ခမအကြိုက်ဝတ်ပြီး ဓာတ်ပုံမှာ သတို့သမီးကြိုက်အရောင်စီစဉ်ပေးခဲ့တဲ့ ဓာတ်ပုံဆရာကိုတော့လေးစားပါတယ်။တကယ်လို့ အနီဝတ်စုံနဲ့ဓာတ်ပုံတွေသာ ယောက္ခမတွေ့သွားခဲ့ရင်..ဓာတ်ပုံဆရာဘဝက..မတွေးဝံ့ပါ..

Ko Wai Lin
WE Media
Source - The Sun
Original Link - https://www.mirror.co.uk/news/weird-news/mother-law-who-defied-brides-22044590

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။