ကလေးအသက်နှစ်နှစ်အရွယ်မှာ ပြန်ပေးဆွဲခံရပြီး ၃၂နှစ်ကြာမှ ပြန်ရှာတွေ့ခဲ့တဲ့ တရုတ်နိုင်ငံက မိသားစု

တရုတ်နိုင်ငံက လင်မယားနှစ်ယောက်ဟာ ၁၉၈၈ ခုနှစ်အတွင်း ဟိုတယ်တစ်ခုမှာပြန်ပေးဆွဲခံရတဲ့ ၎င်းတို့ရဲ့ကလေးကို ၃၂ နှစ်ကြာမှ ပြန်လည်တွေ့ရှိ ခဲ့ကြပါတယ်။ အဆိုပါကလေးဟာ သူ့အဖေ ရေသွားဝယ်ချိန်မှာ ပြန်ပေးဆွဲခံခဲ့ရတာဖြစ်ပြီး ပြန်ပေးဆွဲခံရချိန်မှာ သူဟာ အသက် ၂ နှစ်သာရှိသေးတာ ဖြစ်ပါတယ်။

သူ့ရဲ့မိဘတွေဟာ နိုင်ငံအနှံ့ကလေးကိုရှာဖွေခဲ့ကြပြီး သူမရဲ့အနေဟာ လူပျောက်ကြော်ငြာစာရွက် ၁သိန်းခန့် ဝေမျှခဲ့ပါတယ်။အဆိုပါမိသားစုဟာ တနင်္လာနေ့ ရဲသတင်းပေးဌာနမှာ ပြန်လည်တွေ့စုံခဲ့ပြီး ပြန်လည်တွေ့စုံ ချိန်မှာတော့ ၎င်းတို့ရဲ့ကလေးဟာ အသက် ၃၄ နှစ်ရှိပြီဖြစ်ပါတယ်။


Photo Credit - SCMP

အခုလို ၎င်းတို့ရဲ့ကလေးကိုရှာတွေ့အောင်ကူညီပေးခဲ့ကြတဲ့ နိုင်ငံထဲက လူပေါင်းများစွာကို ကျေးဇူးအရမ်း တင်ပြီး အခုကစပြီးတော့ သူ့သားကိုအချိန်ပေးနိုင်တော့မယ်လို့ ကလေးရဲ့အမေဖြစ်တဲ့ လီကျင်းဟီက ပြောပါတယ်။

သူတို့ရဲ့ကလေးကို ရှာမတွေ့ခင်မှာ ၎င်းတို့ရဲ့မိဘတွေဟာ South China Morning Post နဲ့ အင်တာဗျူးတစ်ခု ဇန်နဝါရီလအတွင်းပြုလုပ်ခဲ့ပြီး ကလေးဟာ ဖေဖော်ဝါရီ ၂၃ ရက်၊ ၁၉၈၆ ခုနှစ်မှာ မွေးဖွားခဲ့ပြီး တော်ပြီးချစ်စရာကောင်းကာ ကျန်းမာတဲ့ကလေးလို့ ပြောဆိုခဲ့ကြပါတယ်။

၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့မှာ  အဆိုပါကလေးရဲ့ အဖေဟာ သူ့ကို ကလေးထိန်းအိမ်ကနေ အိမ်ကိုပြန်ခေါ်အလာမှာ ကလေးကရေတောင်းသောက်တာကြောင့် ဟိုတယ်တစ်ခုရဲ့အဝင်ဝမှာ ရပ်ထားခဲ့ပြီး ရေသွားဝယ်တဲ့အချိန်မှာ ကလေးကိုခေါ်သွားခံရတာဖြစ်ပါတယ်။

အဆိုပါမိသားစုဟာ ကလေးပျောက်တဲ့ဒေသတစ်ဝိုက်မှာ ရပ်ဆက်ဆိုသလိုရှာဖွေခဲ့ကြပေမယ့် မတွေ့ရှိခဲ့ရပါဘူး။ ကလေးကိုရှာဖွေဖို့ သူ့ရဲ့အမေဟာ အလုပ်ထွက်ခဲ့ပြီး ဒေသဆယ်ခုမှာ လူပျောက်ကြော်ငြာ ၁သိန်းခန့်ဖြန့်ဝေခဲ့ပေမယ့်  အချည်းနှီးဖြစ်ခဲ့ရပါတယ်။


Photo Credit - BBC

သူတို့ရဲ့ကလေးကို လူတစ်ယောက်ကခေါ်ဆောင်သွားပြီး ကလေးမရှိတဲ့စုံတွဲကို ယွမ်၆၀၀၀ နဲ့ရောင်းချခံခဲ့ရတာ ဖြစ်ပါတယ်။ဧပြီလအတွင်းမှာ ဒေသတွင်းရဲဌာနက ခြေရာခံမိခဲ့ရာကနေ အခုလို ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ကလေးအမေကတော့ အခုနှစ်ရရှိတဲ့လက်ဆောင်က ရဖုူးသမျှလက်ဆောင် တွေထဲမှာ အကောင်းဆုံးအရာပါဘဲဆိုပြီး မေလ ၁၀ ရက်နေ့ အမေများနေ့မှာ ပြောဆိုခဲ့ပါတယ်။

Phone Khant

We Media

Source – CNA

Original Link - https://www.bbc.com/news/world-asia-china-52717670?at_medium=custom7&at_custom4=BEDCD30E-99B1-11EA-847C-A6DA39982C1E&at_custom3=BBC+News&at_campaign=64&at_custom1=%5Bpost+type%5D&at_custom2=facebook_page

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။