အန်ဖန်စူပါဆိုက်ကလုန်းမုန်တိုင်း စတင်ဖြတ်ကျော်၊ အချိန်လေးနာရီခန့် လေကြီးမိုးကြီးကျနိုင်

စူပါဆိုက်ကလုန်း အန်ပန် မြန်မာစံတော်ချိန် ညနေ ၄း၀၀ နာရီ၊ အိန္ဒိယစံတော်ချိန် ညနေ ၃း၀၀နာရီမှာ အိန္ဒိယနိုင်ငံ ကမ်းခြေမြို့ အိုဒစ်ဟာကို စတင်ဝင်ရောက်နေပြီဖြစ်ပါတယ်။

မုန်တိုင်းရဲ့လေတိုက်နှုန်းက တစ်နာရီ မိုင် ၁၂၀ ဝန်းကျင်ရှိပြီး လေးနာရီဆက်တိုက် လေကြီး မိုးကြီး ကျမှာဖြစ်ပါတယ်။


photo - imd

အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်က လူပေါင်း ၃ သန်းကို ဘေးလွတ်ရာသိုရွေ့ပြောင်းထားတယ်လို့ သိရပါတယ်။ ကနဦးသတင်းများအရ ဘင်္ဂလားဒေ့ရှိနိုင်ငံမှာ အန်ဖန်ကြောင့် သေဆုံးသူတစ်ဦးရှိခဲ့တယ်လို့သိရပါတယ်။

မုန်တိုင်းဖြတ်ကျော်မယ့် မြို့တွေကို မီးဖြတ်ထားပြီး အင်တာနက်ပြတ်တောက်မှုတချို့ရှိတယ်လို့ သိရပါတယ်။


photo - imd

အန်ဖန်စူပါဆိုက်ကလုန်းအရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းနဲ့ကုန်းတွင်းပိုင်းနေရာအချို့မှာ လေပြင်းတိုက်ခတ်နေတယ်လို့သိရှိရပါတယ်။


Source - IMD


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။