ဝူဟန်မြို့ရှိ ဗိုင်းရပ်စ်သုသေတနဌာနမှာ Coronavirus မျိုးစိတ်သုံးခုရှိတယ်လို့ တရုတ်သတင်းမီဒီယာတွေက ပြောကြား

တရုတ်နိုင်ငံ ဝူဟန်မြို့မှာရှိတဲ့ ဗိုင်းရပ်စ်သုသေတနဌာနမှာ coronavirus မျိုးစိတ် သုံးခုခန့်ရှိပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ Coronavirus နဲ့ ဘယ်လိုမှ ပါက်သက်ဆက်နွှယ်မှုမရှိဘူးလို့ အဆိုပါ ဓာတ်ခွဲခန်းက ဒါရိုက်တာက ပြောဆိုလိုက်ပါတယ်။

သိပ္ပံပညာရှင်တွေအနေနဲ့ လက်ရှိကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၃၄၀၀၀၀ ခန့်သေဆုံးခဲ့ရတဲ့ Coronavirus ဟာ လင်းနို့တွေဆီမှာပေါက်ပွားလာတာဖြစ်ပြီး လူတွေဆီကို လင်းနို့တွေဆီကနေ အခြား တိရိစ္ဆာန်တွေမှတစ်ဆင့် ကူးစက်စေတယ်လို့ မှတ်ယူထားတာဖြစ်ပါတယ်။


Photo Credit - CGTN

ဒါပေမယ့် ဝူဟန်မြို့မှာရှိတဲ့ ဗိုင်းရပ်စ်သုသေတနဌာနအနေနဲ့ CGTN ကိုအမေရိကန်သမ္မတ  ဒေါ်နယ်လ်ထရမ့်နဲ့ အခြားလူတွေပြောဆိုတဲ့ သုသေတနခန်းကနေ ဗိုင်းရပ်စ် ပြန့်ပွားတယ်ဆိုတာဟာ လုပ်ကြံဖန်တီးမှုတစ်ခုသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မေလ ၁၃ ရက်နေ့မှာ ရိုက်ကူးခဲ့တဲ့အဆိုပါအင်တာဗျူးကို မေလ ၂၃ ရက်နေ့ညမှာ ထုတ်လွှင့်ခဲ့ပြီး အဆိုပါဌာနမှ ဒါရိုက်တာ ဝန်ယန်ယီရဲ့အဆိုအရ လင်းနို့တွေဆီကနေ Coronavirus အချို့ကို ဓာတ်ခွဲခန်းထဲမှာ ထိမ်းသိမ်းထားတယ်လို့ ဆိုထားပါတယ်။

ပရော်ဖက်ဆာ ရှီချန်လီဦးဆောင်တဲ့ ၎င်းတို့ရဲ့သုသေတနအဖွဲ့ဟာ လင်းနို့တွေဆီက Coronavirus ကို ၂၀၀၄ ခုနှစ်ကတည်းက စမ်းသပ်နေခဲ့ပြီး  SARS ရောဂါနဲ့ပါက်သက်ပြီး သုသေတနပြုလုပ်ခဲ့တာ ဆယ်စုနှစ်နှစ်စုခန့် ကြာနေပြီလို့လည်း ပြောကြားခဲ့ပါတယ်။


Photo Credit - Google

အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်နဲ့ ပင်တဂွန်ကစွပ်စွဲသလို ဗိုင်းရပ်စ်က ဓာတ်ခွဲခန်းကနေ ပြန့်နှံ့သွားတာ မဟုတ်ဘဲ အခုပြန့်နှံ့တဲ့ဗိုင်းရပ်စ်ပုံစံတူကို ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ဓာတ်ခွဲခန်းကို နမူနာပေးပို့လာတာဖြစ်ပြီး အဲ့မတိုင်ခင်မှာ အခုဗိုင်းရပ်စ်မျိုး မထိန်းသိမ်းထားဘူးလို့ ပြောကြားခဲ့ပါတယ်။

Scientific American နဲ့ အင်တာဗျူးမှာလည်း Shi အနေနဲ့လက်ရှိဖြစ်ပေါ်နေတဲ့ SARS-CoV-2 မျိုးစိတ်ဟာ ၎င်းတို့ရဲ့ဓာတ်ခွဲခန်းထဲမှာရှိတဲ့ စုဆောင်းထားတဲ့ စမ်းသပ်နေဆဲ ဘယ်ဗိုင်းရပ်စ်နဲ့မဆို မျိုးစိတ်မတူဘူးလို့ ဆိုပါတယ်။

Phone Khant

We Media

Source – CNA

Original Link - https://www.channelnewsasia.com/news/asia/wuhan-lab-three-live-bat-coronaviruses-chinese-state-media-12765184

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။