စင်ကာပူစတိုင် ဂဏန်းအစပ်ချက်

ဒီတစ်ခေါက်မှာတော့ ဂဏန်းကြိုက်သူတွေအတွက် စမ်းလုပ်စားကြည့်သင့်တဲ့ စင်ကာပူစတိုင်ဂဏန်းချက်နည်းလေးကို ပြောပြပေးလိုက်ပါတယ်။

Photo credit - asia recipes

ပါဝင်ပစ္စည်း

ဂဏန်း - ၂ ကောင် (အကောင်ကြီး)

ကြက်သွန်ဖြူ - ၆ မွှာ

ကြက်သွန်နီ - ၃ လုံး

ငြုပ်ပွအရှည် -  ၃ တောင့်

မိုးမျှော်ငရုတ်သီး - ၃ တောင့်

ငရုတ်သီးခြောက် - ၄ တောင့်

စပါးလင် - ၂ ပင်

သံပုရာသီး - ၁ လုံး

ကြက်ဥ - ၁ လုံး

ချင်း - လက်တဆစ်

ထောပတ် - ထမင်းစားဇွန်း ၁ ဇွန်း

မျှင်ငါးပိ - ထမင်းစားဇွန်း ၁ ဇွန်း

ခရမ်းချဉ်သီးဆောစ့် - ထမင်းစားဇွန်း ၄ ဇွန်း

သကြား - ထမင်းစားဇွန်း ၁ ဇွန်းခွဲ

ဆား - လက်ဖက်စားဇွန်းဝက်

Photo credit - jetster

ပြုလုပ်ပုံအဆင့်ဆင့်

- ပထမဦးဆုံး ဂဏန်းတွေကို အညစ်အကြေးတွေ စင်အောင်ဆေးကြောပြီး မလိုအပ်တာတွေကို ဖယ်ထုတ်သန့်စင်ထားပါ။

- ပါဝင်ပစ္စည်းတွေဖြစ်တဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငြုပ်ပွအရှည်၊ မိုးမျှော်ငရုတ်သီး၊ ငရုတ်သီးခြောက်၊ ချင်း၊ စပါးလင်ပါးပါးလှီးထားတာတွေအားလုံး Blender ထဲထည့်ကြိတ်ပေးပါ။

- ပြီးရင် ပန်းကန်လုံးတစ်လုံးထဲကို ကြိတ်ထားတာတွေအားလုံးထည့်ပြီး သံပုရာသီးညှစ်ထည့်ကာ အသင့်ပြင်ထားပါ။

Photo credit - evolve MMA

- ဒယ်အိုးထဲမှာ မျှင်ငါးပိထည့်ပြီး ချေကာလှော်ပေးပါ။

- ပြီးရင် စောနက အသင့်ပြင်ထားတဲ့ ကြိတ်ထားသောအနှစ်တွေထည့်ပါ။

- ထောပတ်၊ သကြား၊ ဆား၊ ခရမ်းချဉ်သီးဆောစ့်ထည့်ပြီး မွှေပေးပါ။

Photo credit - freepik

- ပြီးရင်တော့ ဂဏန်းထည့်ပြီး အနှစ်တွေနဲ့ နှံ့သွားအောင် အရသာသွင်းကာမွှေပေးပါ။

- ရေကို ဂဏန်းမြုပ်ရုံထည့်ပြီး မိနစ်အနည်းငယ်ချက်ထားပါ။

- ရေအနည်းငယ်ခမ်းလာပြီဆိုရင်တော့ ကြက်ဥကို ခေါက်ထည့်ပြီး မွှေပေးပါ။

Photo credit - pinterest

- မိနစ်အနည်းငယ် ထပ်ချက်လိုက်ရင်တော့ အရသာရှိလှတဲ့ ချဉ်ချဉ်စပ်စပ် စင်ကာပူစတိုင် ဂဏန်းချဉ်စပ်ဟင်းလေး ရပြီဖြစ်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။