
စပိန်နိုင်ငံမှာ lockdown ပြန်လည်ချမှတ်တာကို မကျေနပ်သူအများစု ကားတွေနဲ့လှည့်တန်းဆန္ဒပြ
စပိန်နိုင်ငံ့မှာ ပြီးခဲ့တဲ့ စနေနေ့က နိုင်ငံတွင်း lockdown ပြန်လည်ချမှတ်မှုကို မကျေနပ်မှုကြောင့် ထောင်ချီတဲ့ကားတွေနဲ့ မော်တော်ယာဉ်တွေဟာ ဟွန်းတွေတီးပြီး စပိန်အလံတွေဝေ့ယမ်းကာ ဆန္ဒပြခဲ့ကြပါတယ်။
ဥရောပနိုင်ငံမှာ lockdown ချမှုအကြာဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ စပိန်နိုင်ငံဟာ lockdown ချထားမှုကို ပြီးခဲ့တဲ့အပါတ်ထဲက ပယ်ဖြတ်ခဲ့ပေမယ့် မတ်ဒရစ်နဲ့ ဘာဆီလိုနာမှာ Coronavirus ဖြစ်ပွားမှုတွေရှိနေသေးတာကြောင့် lockdown ဆက်လက်ချထားခဲ့တာဘဲဖြစ်ပါတယ်။
Photo Credit - Hindu
ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ် Pedro Sanchez နဲ့လက်ဝဲအတိုက်အခံခေါင်းဆောင်၊ဆိုရှယ်လစ်ခေါင်းဆောင် ဒုတိယဝန်ကြီးချုပ် Pablo Iglesiasတို့ကို နှုတ်ထွက်ဖို့တောင်းဆိုခဲ့ကြပြီး စပိန်နိုင်ငံမှာဖြစ်ခဲ့တဲ့ Coronavirus အဆိုးရွားဆုံးအခြေအနေတွေ၊ကိုင်တွယ်ဖြေရှင်းပုံတွေနဲ့ စီးပွားရေးအပေါ် ထိခိုက်မှုတွေကြောင့် တာဝန်ယူဖို့ ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။
ဆန္ဒပြခေါင်းဆောင် Vox ဟာ အစိုးရရဲ့ စပိန်ပြည်သူတွေအပေါ်အကြပ်ကိုင်မှုတွေကို ရပ်တန့်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း၊အစိုးရရဲ့ နိုင်ငံတွင်း အလုပ်လက်မဲ့နှုန်းနဲ့အလုပ်အကိုင်ဆုံးရှုံးမှုတို့အပေါ် လစ်လျူရှုထားမှုအပေါ် ကျယ်ကျယ်လောင်လောင်ပြောဆိုဖို့ အချိန်ကျပြီလို့ ဆိုရှယ်မီဒီယာကနေ ပြောဆိုခဲ့ပါတယ်။ ၎င်းအနေနဲ့ အစိုးရကို အခုလိုအခြေအနေတွေစိုးရွားခဲ့မှုအပေါ် တာဝန်ယူဖို့ပြောဆိုခဲ့ပြီး နိုင်ငံတွင်းမှာရှိတဲ့ မြို့တိုင်းမှာအခုလို ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
Photo Credit - France24
မက်ဒရစ်နဲ့ ဘာစီလီနာမြို့တွေမှာ လာမယ့်တနင်္လာနေ့ကစပြီး ပြန်ဖွင့်ဖို့ ပြင်ဆင်ခဲ့ပြီး အပြင်ထွက်စားသောက်တာနဲ့ စုဝေးတာတွေကို လူဆယ်ဦးထိ ပြုလုပ်လို့ရတယ်လို့ ပြောဆိုထားပါတယ်။ စပိန်နိုင်ငံမှာ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သေဆုံးသူဦးရေ ၂၈၆၂၈ ဦးနဲ့ စုစုပေါင်း ကူးစက်သူဦးရေ ၂၃၄၈၂၄ ဦး ရှိပါတယ်။
Phone Khant
We Media
Source - France 24
Original Link - https://www.france24.com/en/20200523-spain-s-far-right-hold-car-protest-against-covid-19-lockdown
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။