ပုဇွန်သံပုရာပေါင်း

ငါးသံပုရာပေါင်း၊ ကင်းမွန်သံပုရာပေါင်းစတဲ့ ချဉ်ချဉ်စပ်စပ်အစားအစာတွေကို ကြိုက်နှစ်သက်ကြတဲ့ We ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက်မှာ ပုဇွန်သံပုရာပေါင်းလုပ်နည်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ်။

Photo credit - pantip

ပါဝင်ပစ္စည်း

ပုဇွန် - ၁၀ ကောင်

ကြက်သွန်ဖြူ - ၅ မွှာ

နံနံပင် - နှစ်သက်သလို

ငရုတ်သီးစိမ်း - နှစ်သက်သလို

ယိုးဒယားငံပြာရည် - နှစ်သက်သလို

ချင်း - အနည်းငယ်

အရသာမှုန့် - လက်ဖက်စားဇွန်း ၁ ဇွန်း

သံပုရာသီး - ၂ လုံး (လိုအပ်ရင် ထပ်ထည့်နိုင်ပါတယ်)

ရှမ်းနံနံ - ကြိုက်နှစ်သက်ရင် ထည့်နိုင်ပါတယ်

Photo credit - login 4 

ပြုလုပ်နည်းအဆင့်ဆင့်

- အရင်ဦးဆုံး ပုဇွန်တွေကို သန့်ရှင်းသွားအောင် ကျောခွဲသန့်စင်ထားပါ။

- ပြီးရင် ပိုးသေသွားအောင် ရေနွေးဖျောထားပါ။

- ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးစိမ်းကို ထောင်းစုံထဲမှာ ရောထောင်းပါ။

Photo credit - jengor

- ရေနွေးပူပူတစ်ခွက်ထဲမှာ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးကို ထည့်ပါ။ 

- ပြီးရင် အရသာမှုန့်၊ နံနံပင်၊ ရှမ်းနံနံ၊ ယိုးဒယားငံပြာရည်၊ သံပုရာသီးညှစ်ထည့်ပြီး နှစ်သက်သလို အရသာသွင်းပါ။

- ပန်းကန်ပြားထဲမှာ ပုဇွန်တွေကို ဖြန့်ခင်းထားပါ၊ သံပုရာသီးကွင်းလေးတွေပါပြင်ထားပါ။

Photo credit - pantip

- ပြီးရင်တော့ စောနက ပြုလုပ်ထားတဲ့ အစာပလာဆောစ့်ကို ပုဇွန်ပေါ်ကို လောင်းချလိုက်ပါ။

- အားလုံးပြီးသွားရင်တော့ အရသာရှိတဲ့ ပုဇွန်သံပုရာပေါင်းလေး ရပြီဖြစ်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။