ထိုင်ဝမ်ကျွန်းအနီး လေယာဥ်တင်သင်္ဘောနှစ်စီး ချထားရန် တရုတ်စီစဥ်

အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးဆိုးဝါးနေချိန်မှာပဲ တရုတ်က လေယာဥ်တင်သင်္ဘော နှစ်စီးကို ထိုင်ဝမ်ကျွန်းနားက ပါရာတက်စ်ကျွန်းဆီပို့မယ်လို့ တရုတ်သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

လိုင်နင်နဲ့ ရှန်ဒေါင်း အမည်ရှိ လေယာဥ်တင် သင်္ဘောနှစ်စီးဟာ ဘိုဟိုင်းဆိပ်ကမ်းမှာ ဆိုက်ကပ်ထားပြီး မကြာခင် ပါရာတက်စ်ကျွန်းဆီ ထွက်ခွာမှာ ဖြစ်ပါတယ်။


ယခုလှုပ်ရှားမှုတွေဟာ တရုတ်အကြီးအကဲ လီကွီကင်းရဲ့ ထိုင်ဝမ်ကျွန်းနဲ့ပြန်လည်ပေါင်းစည်းမယ်လို့ ပြောကြားချက်အပြီး ပေါ်ထွက်လာတာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ကုမ္ပဏီ ၃၃ ခုကို အမေရိကန်က စပိုင်လုပ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပိတ်ပင်ပြီး မကြာခင် ပေါ်ပေါက်လာတဲ့ လှုပ်ရှားမှု တစ်ခုလည်းဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး တရုတ်နဲ့ အမေရိကန် အငြင်းပွားနေတာကြာမြင့်နေပြီဖြစ်ပါတယ်။ 


တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက စစ်အေးတိုက်ပွဲအသစ် ဆိုတဲ့အသုံးအနှုန်းကို သောကြာနေ့ က သတင်းစာရှင်းလင်းပွဲမှာ သုံးနှုန်းခဲ့ပြီး ထိုင်ဝမ် အရေးနဲ့ပတ်သက်လို့ လက်ရှောင်ကြရန် သတိပေးခဲ့ပါတယ်။

စစ်ရေးလေ့လာသူအဖွဲ့တစ်ခုကလည်း အမေရိကန်နဲ့တရုတ် လာမယ့် ၁၈ လအတွင်း တောင်တရုတ်ပင်လယ်မှာ စစ်ရေးထိပ်တိုက်တွေ့မှုတွေ ရှိလာမယ်လို့ သတိပေးပြောထားပါတယ်။

ထိုင်ဝမ်အစိုးရကလည်း တရုတ်လေယာဥ်နဲ့

သင်္ဘောတွေ  ထိုင်ဝမ်ကျွန်းအနား ခြိမ်းခြောက်ပျံသန်းနေတယ်လို့ ပြောပေမယ့် တရုတ်အစိုးရ ပုံမှန်ကင်းလှည့်တာလို့ပဲ ဖြေရှင်းထားပါတယ်။


ပြီးခဲ့တဲ့အပတ်က ထိုင်ဝမ်နိိုင်ငံမှာ သမ္မတအင်ဝမ် ဒုတိယအကြိမ်ပြန်ရွေးချယ်ခံရပြီး မကြာခင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။

တရုတ်ဘက်ကတော့ ထိုင်ဝမ်ဟာ တရုတ်အတွက် အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ပြီး စနစ်တကျကိုင်တွယ်သွားမယ်လို့ဆိုပါတယ်။


Source - China Daily

Photo - AFP

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။