အင်းဝတံတားပေါ်မှာ ပျောက်ဆုံးသွားတဲ့ အမွှာညီအစ်မနှစ်ဦးထဲက တစ်ဦးရုပ်အလောင်းပြန်တွေ့

မေ ၂၄ ​နေ့က စစ်ကိုင်းတိုင်း အင်းဝတံတားပေါ်မှာ ပျောက်ဆုံးသွားတဲ့ အမွှာညီအမ နှစ်ယောက်ကို စစ်ကိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေရာ ရုပ်အလောင်းတစ်ခု ပြန်တွေ့ခဲ့ရတယ်လို့ သိရှိရပါတယ်။


ထိုသို့ရှာ​ဖွေရာတွင်  အင်း၀မြို့မှ အမွှာညီအမနှစ်ဦးအနက် တစ်ဦးဖြစ်သည့် မခိုင်ဆုဝေရဲ့ရုပ်အလောင်းကို ယနေ့ ၁၁နာရီကျော်က ဧရာ၀တီမြစ်ကမ်းတွင်တွေ့ရှိထားပြီး ကျန်ရှိနေသည့် မငြိမ်းဆုဝေကို ရဲတပ်ဖွဲ့နဲ့အတူ ရေပြင်ရှာဖွေမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရှိရပါတယ်။


သူတို့နှစ်ဦးစီးနှင်လာသော ဆိုင်ကယ်ကို ၂၄ရက်နေ့ နေ့လည် ၂နာရီ စစ်ကိုင်းမြို့ အင်းဝ(စစ်ကိုင်း)တံတား လေးကုန်းမြောက်တွင်တွေ့ရပြီးအခြား မည်သည့်ပစ္စည်းမှ မတွေ့ရကြောင်းသိရှိပါတယ်။ သေဆုံးရတဲ့ အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိကြောင်း သိရှိရပါတယ်။ 


ကိုးကားနှင့် ဓာတ်ပုံ - အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း)

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။