လေကြောင်းခရီးစဉ်များကို ပြန်လည်စတင်သွားမယ့် ဟောင်ကောင်

ဟောင်ကောင်အနေနဲ့ ၎င်းတို့ရဲ့ ပြည်ပခရီးစဉ်အချို့ကို ပြန်လည်ဖွင့်သွားမယ်လို့ မြို့တော်တာဝန်ရှိသူတွေက မေလ ၂၆ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ ဟောင်ကောင်မှာCoronavirus ကူးစက်မှုလျော့နည်းလာမ ကြောင့် စီးပွားရေးလုပ်ငန်းအချို့ကို ပြန်လည်ဖွင့်ခွင့်ပြုနေပြီဖြစ်ပါတယ်။

ဟောင်ကောင်လေဆိပ်ဟာ ကမ္ဘာပေါ်မှာအလုပ်အရှုပ်ဆုံးလေဆိပ်တစ်ခုဖြစ်ပြီး ကပ်ရောဂါဆိုးကြီးဖြစ်ချိန်မှာ လေယာဉ်အဆင်းအသက်ကို ကန့်သတ်ထားတာဖြစ်ပါတ်။ မတ်လ ၂၅ ရက်နေ့ကစပြီး ရပ်နားထားတဲ့ ပြည်ပခရီးစဉ်အချို့ကို ဇွန်လ ၁ ရက်နေ့မှာ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ လေဆိပ်တာဝန်ရှိသူတွေက သတင်းထောက်တွေကို ပြောဆိုထားပါတယ်။


Photo Credit - Bangkok Post

ဟောင်ကောင်ဟာ  တရုတ်နိုင်ငံပြင်ပမှာ ပထမဆုံးကူးစက်မှုတွေ့ရှိကြောင်း ကြော်ငြာခဲ့တဲ့ နေရာဖြစ်ပါတယ်။ ဒါပေမယ့် ဟောင်ကောင်မှာ ကူးစက်မှုတွေကိုထိန်းချုပ်နိုင်ခဲ့ပြီး လူဦး ၇.၅ သန်းရှိတဲ့ ဟောင်ကောင်ဟာ ကူးစက်မှုပေါင်း ၁၀၀၀ ကျော်ခန့်နဲ့ သေဆုံးသူတစ်ဦးတစ်ယောက်မှ မရှိခဲ့ပါဘူး။

စီးပွားရေးလုပ်ငန်းအများစုဖြစ်တဲ့ ကာရာအိုကေဆိုင်တွေ၊ နိုက်ကလပ်တွေနဲ့ ပါတီခန်းမာတွေကို သောကြာနေ့က ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပါတယ်။ ဟောင်ကောင်လေဆိပ်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးလေဆိပ်ဝန်းတစ်ခုဖြစ်ပြီးတော့ စတုတ္ထမြောက်အကြီးမားဆုံး နိုင်ငံတကာလေဆိပ်တစ်ခု ဖြစ်ပါတယ်။


Photo Credit - Daily Mail

၂၀၁၉ ခုနှစ်မှာ ဟောင်ကောင်နိုင်ငံတကာလေဆိပ်မှာ လေယာဉ်အစီးပေါင်း ၄.၈ သန်းခန့်နဲ့ ခရီးသည်စုစုပေါင်း ၇၁ သန်းခန့် အဝင်အထွက်ပြုလုပ်ခဲ့ပါတယ်။ယခင်နှစ်က ဆန္ဒပြမှုတွေကြောင့် ခရီးသည် အဝင်အထွက်ကျဆင့်းခဲ့ရပါတယ်။

Phone Khant

We Media

Source – CNA

Original Link - https://www.channelnewsasia.com/news/asia/hong-kong-airport-limited-transit-services-resume-covid-19-12769776

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။