မကာအိုရဲ့ ကာဆီနိုလောင်းကစားရုံသန်းကြွယ်သူဌေး Stanley Ho အသက် ၉၈ နှစ်မှာသေဆုံး

ပေါ်တူဂီတွေလက်ထပ်ကတည်းက မကာအိုမြို့မှာ လောင်းကစားရုံတွေစတင်ခဲ့ပြီး အာရှရဲ့အချိန်းသာဆုံး လူတစ်ဦးဖြစ်တဲ့ မကာအိုမြို့ရဲ့ လောင်းကစားရုံတွေရဲ့ဘုရင် Stanley Ho ဟာ မေလ ၂၆ ရက်နေ့ အသက် ၉၈ နှစ်အရွယ်မှာ သေဆုံးခဲ့တယ်လို့ သူ့မိသားစုက အတည်ပြုခဲ့ပါတယ်။


Photo Credit - CGTN

မကာအို ကာစီနိုလောကရဲ့  နတ်ဘုရားလို့ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ Stanley ဟာ မကာအိုမြို့ကို လက်စ်ဗီးဂတ်စ်မြို့ကိုကျော်တက်ပြီးတော့ ဇိမ်ခံမြို့တော်ကြီးတစ်ခုဖြစ်အောင် ပြုလုပ်ခဲ့ပြီး ၂၀၀၂ ခုနှစ်မတိုင်ခင်ထိ မကာအိုတစ်မြို့လုံးရဲ့ လောင်းကစားရုံတွေကို ပိုင်ဆိုင်ခဲ့သူပါ။

Stanley မှာ အမေရိကန်ဒေါ်လာ ၆ ဘီလီယံတန်ကြေးရှိတဲ့ SJM Holdings Ltd ကိုပိုင်ဆိုင်ထားပြီး ဟောင်ကောင်မှာရှိတဲ့ အိမ်ခြံမြေကဏ္ဍမှာ အရှိန်အဝါကြီးမားပြီးတော့ လေးစားခံရတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

အဆိုပါ company ရဲ့ မိသားစုပိုင်ရှယ်ယာတန်ဖိုးတွေဟာ Stanley သေဆုံးတဲ့သတင်းနောက် မြှင့်တက်ခဲ့ပြီး SJM က 8.5 %, အများပြည်သူသယ်ယူပို့ဆောင်ရေး Shun Tak Holdings က 17.6 %, ကာစီနိုခန့်ခွဲရေး လုပ်ငန်း Melco က 4.9 % နဲ့ benchmark index  2% စီခုန်တက်ခဲ့ပါတယ်။


Photo Credit - Daily Mail

Stanley ဟာ  ၁၉၄၂ ခုနှစ်မှာ ပထမဆုံးလက်ထပ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ဇနီးလေးယောက်နဲ့ သားသမီး ၁၇ ယောက်ထိရှိပြီး ၎င်းရဲ့မိသားစုရဲ့ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့် ရှိတယ်လို့ Forbes က စာရင်းတွေအရ သိရှိရပါတယ်။

Phone Khant

We Media

Source – CNA

Original Link -  https://www.channelnewsasia.com/news/asia/macau-billionaire-casino-tycoon-stanley-ho-dies-98-12769924

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။