နှလုံးရောဂါသမားတွေအတွက် ပန်းသီးဖျော်ရည်ပြုလုပ်နည်း

ဒီတစ်ခေါက်မှာတော့ နှလုံးရောဂါရှိသူတွေအတွက် သောက်သုံးပေးသင့်တဲ့ ပန်းသီးဖျော်ရည် ဖျော်စပ်နည်းလေးကို ပြောပြပေးချင်ပါတယ်။

Photo credit - just juice

ပန်းသီးဖျော်ရည်အတွက် ပါဝင်ပစ္စည်းတွေကတော့ -

ပန်းသီး(အနေတော်) - ၃ လုံး

ပျားရည် -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

သကြား - လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ချင်း - အနည်းငယ်

သံပုရာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပူစီနံရွက် - ၃ ရွက်

ဆား - အနည်းငယ်

ရေ - ၁ ခွက်

Photo credit - jamie geller

ပြုလုပ်နည်း

- ပန်းသီးတွေကို အခွံခွာပြီး အတုံးလေးတွေ တုံးထားပါ။

- ချင်းကို အခွံခွာပြီး ပူစီနံရွက်ကို သင်ထားပါ။

- ပါဝင်ပစ္စည်းအားလုံးကို Blender ထဲထည့်ပြီး ဖျော်ပါ။

- ပြီးရင် အရည်ကို ဇကာနဲ့ စစ်ယူပါ။ ရေခဲကြိုက်ရင်ထည့်ပြီး သောက်သုံးနိုင်ပြီဖြစ်ပါတယ်။

Photo credit - country living magazine

ပန်းသီးဖျော်ရည်က နှလုံးသွေးကြောလေးတွေမှာ ခိုအောင်းနေတက်တဲ့ မကောင်းတဲ့ cholesterol တွေကို ချေဖျက်ပေးနိုင်တာကြောင့် Heart attack ဖြစ်ခြင်းနဲ့ နှလုံးသွေးကြောကျဉ်း ပြဿနာတွေကို သက်သာစေမှာပါ။

Photo credit - sip smarter

ဒါ့အပြင် ရုတ်တရက် အမောဖောက်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ အသားအရည်မွဲခြောက်ခြင်းတွေကိုပါ လျော့ပါးသက်သာစေမှာ ဖြစ်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။