မြန်မာနဲ့ဂမ်ဘီယာထွက်ဆိုရမယ့်ရက်ကို ICJ ခြောက်လနောက်ဆုတ်ပေး

မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုများကျူးလွန်ခဲ့တယ်လို့ ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာတရားရုံးမှာ စွဲချက်တင်ထားတဲ့အတွက် မြန်မာဘက်က ထွက်ဆိုချက်ပေးရမယ့်ရက်ကို လာမည့်နှစ် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်ကနေ ဇူလိုင် ၂၃ ရက် (ခြောက်လ) ရက်နောက်ဆုတ်ပေးလိုက်တယ်လို့ ICJ ထုတ်ပြန်ချက်အရ သိရပါတယ်။


ပြီးခဲ့တဲ့ နို၀င်ဘာလလယ်က မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲခဲ့ပြီး ဒီဇင်ဘာမှာ မြန်မာနဲ့ဂမ်ဘီယာ နှစ်ဖက်အပြန်အလှန်လျှောက်လဲချက်ပေးခဲ့ကြပါတယ်။

ကိုရိုနာကပ်ဘေးကိုထည့်သွင်းစဉ်းစားပြီး တရားခွင်မှာ ထွက်ဆိုချက်ပေးရမယ့် အချိန်ကို အနည်းဆုံး သုံးလနောက်ဆုတ်ပေးဖို့ ဧပြီလ ၂၄ ရက်မှာ ဂမ်ဘီယာနိုင်ငံက စာ​ပေးပို့တောင်းဆိုခဲ့ပါတယ်။ မြန်မာဘက်ကိုလည်း အချိန်ထပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ 


ဂမ်ဘီယာရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး မြန်မာဘက်က မှတ်ချက် ပေးရန်မရှိကြောင်း၊ တရားရုံးတော်အနေနဲ့သာ ဂမ်ဘီယာရဲ့အချိန်နောက်ဆုတ်ဖို့ လျှောက်ထားချက်ကို ကျိုးကြောင်းကိုက်ညီမှုရှိ၊ မရှိဆုံးဖြတ်သင့်ကြောင်း မြန်မာဘက်က အကြောင်းပြန်ခဲ့ပါတယ်။


Source - ICJ

Photo - AFP

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။