ဘရာစီယာတစ်ထည်နဲ့ ပိုက်ဆံအိတ်လေးတစ်လုံး ဘယ်လိုဖန်တီးမလဲ?

ဘရာစီယာတစ်ထည်နဲ့ ပိုက်ဆံအိတ်တစ်လုံးဖန်တီးမယ်ဆိုတော့ တကယ်ကိုစိတ်ဝင်စားစရာပါပဲ...။ ဒီတော့ ဘရာစီယာတစ်ထည်နဲ့ ချစ်စရာကောင်းတဲ့ပိုက်ဆံအိတ်လေးတစ်လုံးဖြစ်အောင် ဘယ်လိုဖန်တီးယူမလဲဆိုတာကို တစ်ဆင့်ချင်းစီ သေချာလေးကြည့်လိုက်ရအောင်...။

အရင်ဆုံး ဘရာစီယာအဖြူတစ်ထည်ကိုယူပြီး ကြိုးတွေအကုန်ညှပ်ထုတ်လိုက်ပါ။

ပြီးရင်တော့ အောက်ဘက်နေရာကို ပုံမှာပြထားတဲ့အတိုင်း ကော်တွေသုတ်ပြီး၊ အုံနှစ်ဖက်ကို ကပ်လိုက်ပါ။

ဟနေတဲ့ တစ်ဖက်ကိုလည်း ခုနကလိုပဲ ကော်တွေတောက်လျှောက်သုတ်ပြီး၊ နှစ်ဖက်ကို ကပ်လိုက်ပါ။

ပြီးသွားရင်တော့ ခွက်ပုံစံလေးဖြစ်သွားတာကို တွေ့ရမှာပါ။ ဒီဇိုင်းဖန်တီးဖို့အတွက် ပုံထဲကအတိုင်း ပိတ်စလေးလိုပါတယ်။

အုံရဲ့အပေါ်ဘက်ကို ပုံထဲကအတိုင်း ကော်တွေသုတ်ပြီး၊ ပိတ်စလေးကို ကပ်လိုက်ပါ။

ပြီးရင်တော့ အရောင်လေးပဲကွဲပြီး ပုံစံတူတဲ့ပိတ်စလေး တစ်ခုကို ယူပြီးကပ်ဖို့အတွက် အုံရဲ့အလယ်လောက်မှာ ကော်တွေ သုတ်လိုက်ပါ။ ပြီးရင် ခုနကလိုပဲ ပိတ်စလေးကပ်လိုက်ပါ။

အောက်ကလွတ်နေတဲ့နေရာလေးမှာလည်း အပေါ်ဆုံးတစ်ခုနဲ့ အရောင်တူတာလေးကိုပဲယူပြီး ကျန်နေတဲ့အုံနေရာကနေ ကော်သုတ်ပြီး ကပ်လိုက်ပါ။ ပိတ်စလေးတွေ ဘေးကိုထွက်နေရင်တော့ ညှပ်ထုတ်လိုက်ပေါ့...။

အိတ်လေးဖြစ်သွားပြီဆိုရင်တော့ ကြိုးလေးတပ်ဖို့အတွက် ပြင်ဆင်ရမှာပါ။

ကြိုးပြုလုပ်ဖို့ကတော့ ပုံထဲကအတိုင်း ကြိုးလေးလိုပါတယ်။ အဲ့ဒီကြိုးလေးမှာ တစ်လက်မအကွာလောက်စီ ကော်တွေသုတ်ပေးပြီး၊ ချစ်စရာကောင်းတဲ့ ပုလဲကြိုးလေးကပ်လိုက်ပါ။

ပြီးရင်တော့ ပုံထဲကအတိုင်း လက်နှစ်ဖက်နဲ့ ကြိုးကို အလိမ်လေးဖြစ်သွားအောင် လိမ်လိုက်ပါ။

ကြိုးလုပ်ပြီးပြီဆိုရင်တော့ ပထမဆုံးလုပ်ထားတဲ့ ဘရာစီယာအုံလေးမှာ တပ်ပေးရမှာပါ။ ဒီတော့... ဘရာစီယာအုံရဲ့ဘေးဘက်မှာ ကော်တွေသုတ်ပြီး ပုံထဲကအတိုင်း သေချာလေး ကပ်ပေးပါ။

ဒါဆိုရင်တော့ ကြိုးလည်းတပ်ပြီးသွားပါပြီ...။

နောက်ဆုံးအနေနဲ့ အိတ်ရဲ့ အရှေ့ဘက်လေးမှာ အလှဆင်ဖို့ ဖဲပြားလေးတစ်ခုလိုပါတယ်။ ဒီတော့ အိတ်ရဲ့အရှေ့ဘက်နေရာလေးမှာ ကော်သုတ်ပြီး၊ ဖဲပြားလေးတပ်လိုက်ရုံပါပဲ။

အားလုံးလုပ်ပြီးသွားပြီဆိုရင်တော့ အရမ်းကို ချစ်စရာကောင်းတဲ့ ပိုက်ဆံအိတ်လေး ဖြစ်သွားပါပြီ...။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။