ကိုယ်လိမ်းပေါင်ဒါက ဖြေရှင်းပေးနိုင်တဲ့ အိမ်တွင်းနည်းလမ်း (၁၁) ခု

ကလေးပေါင်ဒါ ဒါမှမဟုတ် ကိုယ်လိမ်းပေါင်ဒါတွေက သင့်ရဲ့အိမ်တွင်းက အခက်အခဲတချို့ကို ဖြေရှင်းပေးနိုင် တယ်ဆိုတာ သိပါသလား?
အဲဒီပေါင်ဒါတွေဟာ သင့်အရေပြားကို နူးညံ့မွှေးပျံ့နေစေရုံတင်မကဘဲ ပူပြင်းတဲ့ နေ့တွေမှာ ဂျိုင်းမှာလိမ်းမယ် ဆိုရင် ချွေးနံ့ကင်းစေပါတယ်။ ပေါင်ဒါကို အဲဒီထက်ပိုပြီး အသုံးပြုနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါသေးတယ်။

၁။ ရှူးဖိနပ်အတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်ပါတယ်

Image Credit: Unsplash

ရှူးဖိနပ်တွေဝတ်ပါများလာတဲ့အခါ ခြေဆီတွေကြောင့် အနံ့ဆိုးတွေ ထွက်လာတတ်ပါတယ်။ အဲဒီအခါ ဖိနပ် အတွင်းထဲကို ပေါင်ဒါမှုန့်ဖြူးပြီး တစ်ညတာလောက် ထားလိုက်ပါ။ မနက်ရောက်တဲ့အခါ ပေါင်ဒါမှုန့်တွေ ဖယ် ထုတ်လိုက်မယ်ဆိုရင် အနံ့ဆိုးကင်းစင်သွားပါပြီ။

၂။ ပုရွတ်ဆိတ်မလာစေပါဘူး


Image Credit: Unsplash

ပုရွတ်ဆိတ်တွေဟာ ပေါင်ဒါမှုန့်ကိုမကြိုက်ပါဘူး။ အဲဒါကြောင့် အိမ်မှာ ပုရွတ်ဆိတ်လာတတ်တဲ့နေရာ ဒါမှမဟုတ် ပုရွတ်ဆိတ်တွေရှိတဲ့နေရာမှာ ပေါင်ဒါမှုန့်ဖြူးပေးထားလိုက်ရုံပါပဲ။

၃။ သင့်အရေပြားကို ပြန်လည်လန်းဆန်းမှုရစေပါတယ်


Image Credit: Unsplash

အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ်၊ မုတ်ဆိတ်မွှေ၊ နှုတ်ခမ်းမွှေးလို အမွှေးအမျှင်တွေရိတ်ပြီးတဲ့အခါ နီရဲယားယံတာကို  ပေါင်ဒါ လိမ်းလေ့ရှိကြပါတယ်။ ပေါင်ဒါမှုန့်က ပုံမှန် aftershave product တွေထက် သင့်ကို အကုန်အကျသက်သာစေမှာပါ။

၄။ ချွေးနံ့ဆိုးထွက်ခြင်းကနေ သက်သာစေပါတယ်


Image Credit: Unsplash

သင့်မှာ ကိုယ်လိမ်းပေါင်ဒါတစ်ဗူးရှိနေမယ်ဆိုရင် Deodorant သပ်သပ်ဆောင်စရာမလိုပါဘူး။ သင့်ရဲ့ဂျိုင်းအောက်ကို ပေါင်ဒါမှုန့်လိမ်းပေး နိုင်ပါတယ်။ ပေါင်ဒါမှုန့်က သင့်ရဲ့ဂျိုင်းအောက်ကို လန်းဆန်းစေရုံတင်မက ချွေးနံ့ဆိုးထွက်ခြင်းကနေလည်း ကာကွယ်ပေးမှာပါ။

၅။ သင့်အရေပြားကို နူးညံ့စေပါတယ်


Image Credit: Unsplash

ခြေဖနောင့်ကွဲခြင်းနဲ့ ခြောက်သွေ့နေတဲ့အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ခြေဖနောင့်ကို ပေါင်ဒါမှုန့်လိမ်းပေးရုံပါပဲနော်။

၆။ သင့်အဝတ်ဗီဒိုကို အနံ့ဆိုးကင်းဝေးစေပါတယ်


Image Credit: Unsplash

သင့်အဝတ်ဗီဒိုကို ပေါင်ဒါမှုန့်ဖြူးမယ်ဆိုရင် အနံ့ဆိုးထွက်ခြင်းကနေ ကင်းဝေးစေမှာပါ။ ကော်ဇောပေါ် ဖြူးပေးမယ်ဆိုရင် အနံ့ဆိုးထွက်ခြင်းကို သက်သာစေနိုင်ပါတယ်။

၇။ ဖိနပ်ပေါက်ခြင်း၊ ခြေဆီထွက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်


Image Credit: Unsplash

သင်က ခြေဆီခဏခဏထွက်တတ်တာကြောင့် ဖိနစ်စီးရတာ အဆင်မပြေဖြစ်တတ်တယ်ဆိုရင် ဖိနပ်မစီးခင်မှာ ဖိနပ်ထဲကို ပေါင်ဒါမှုန့်ဖြူး ပေးလိုက်ပါ။ ဒါ့ပြင် ဖိနပ်ပေါက်တတ်တဲ့နေရာတွေကို ပေါင်ဒါဖြူးထားမယ်ဆိုရင်လည်း ဖိနပ်ပေါက်ခြင်းကို သက်သာစေပါတယ်။

၈။ အရေပြားယားယံခြင်းကို သက်သာစေပါတယ်


Image Credit: Unsplash

အရေပြားယားယံခြင်း ဒါမှမဟုတ် ပူပြင်းတဲ့ရာသီမျိုးမှာ ချွေးခဏခဏထွက်လို့ ယားယံခြင်းကို သက်သာ ပျောက်ကင်းစေဖို့အတွက် ယားယံတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းနေရာကို ပေါင်ဒါလိမ်းပေးနိုင်ပါတယ်။

၉။ သင့်နှုတ်ခမ်းနီကို ပိုကြာရှည်ခံစေပါတယ်


Image Credit: Unsplash

သင့်နှုတ်ခမ်းနီ matte ဖြစ်ပြီး ကြာရှည်ခံစေဖို့အတွက် နည်းလမ်းကောင်းတစ်ခုရှိပါတယ်။ နှုတ်ခမ်းနီဆိုးပြီးတဲ့ အခါ နှုတ်ခမ်းပေါ်ကို တစ်ရှူး တစ်ရွက်အုပ်လိုက်ပါ။ တစ်ရှူးပေါ်ကို ပေါင်ဒါမှုန့်နည်းနည်းဖြူးပြီး ပုတ်ပေးပါ။ ပြီးတဲ့အခါ တစ်ရှူးကိုဖယ်ပြီး နှုတ်ခမ်းနီကို နောက်တစ်ထပ် ထပ်ဆိုးပေးပါ။

၁၀။ အိမ်မွေးတိရစ္ဆာန်တွေရဲ့ မစင်နံ့နံခြင်းကို သက်သာစေပါတယ်


Image Credit: Unsplash

သင့်အိမ်က ကြောင်လေးတွေ ဆီး၊ ဝမ်းသွားတဲ့ ဗန်း ဒါမှမဟုတ် နေရာမှာ ပေါင်ဒါမှုန့်ဖြူးပေးမယ်ဆိုရင် အနံ့ဆိုး ထွက်ခြင်းကို သက်သာစေ ပါတယ်။

၁၁။ အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် dry shampoo အဖြစ် အသုံးပြုနိုင်ပါတယ်


Image Credit: Unsplash

ခွေးလေးတွေ၊ ကြောင်လေးတွေလို အမွှေးအမျှင်ရှိတဲ့ အိမ်တွင်းအချစ်တော်လေးတွေရဲ့ အမွှေးတွေ အနံ့ဆိုး ထွက်ခြင်ကင်းဝေးဖို့အတွက် ပေါင်ဒါမှုန့်ဖြူးပြီး သေချာပွတ်လိမ်းပေးနိုင်ပါတယ်။

Katie Scarlett
We Media

Source: Brightside

Original Link: https://brightside.me/inspiration-tips-and-tricks/15-ways-baby-powder-can-solve-your-household-problems-796945/?fbclid=IwAR13omI9gTNAS4fkRg1F-m-cF0B22HWYNcEt2Z-qhhswijIn4MqFBILoEPY

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။