ရိုက်ကူးခဲ့သမျှ ဇာတ်လမ်းတွဲ ၃ ခုလုံး နာမည်ကျော်လူသိများခဲ့တဲ့ မင်းသမီးချောလေး Kim Go-eum

နာမည်ကျော် တောင်ကိုရီးယားဇာတ်လမ်းတွဲ The King: Eternal Monarch ရဲ့ မင်းသမီးလေး Kim Go-eum ဟာ သူမရဲ့အနုပညာသက်တမ်းမှာ ရုပ်ရှင်တွေပိုအရိုက်များခဲ့ပြီး ဇာတ်လမ်းတွဲအနေနဲ့ကတော့ ၃ ခုပဲ ရိုက်ကူးခဲ့ ပါတယ်။ ဒါပေမဲ့ အဲဒီဇာတ်လမ်းတွဲ ၃ ခုလုံးကလည်း ပရိသတ်တွေ ကြားမှာ လူသိများရေပန်းစားခဲ့ပါတယ်။


Image Credit: Metro Style

၁၉၉၁ ခုနှစ်၊ ဇူလိုင်လမှာ မွေးဖွားခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် Kim Go-eum ဟာ ကိုရီးယားအနုပညာ တက္ကသိုလ် (Korea National University of Arts) ကို တက်ရောက်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်ကျမှ A Muse ရုပ်ရှင်ဇာတ်လမ်းနဲ့ အနုပညာလောကထဲ စတင်ဝင်ရောက်လာခဲ့တာပါ။ သူမရဲ့ ပွဲဦးထွက်ရုပ်ရှင်မှာပဲ  အကောင်း ဆုံး မင်းသမီးသစ်အဖြစ် အသိအမှတ်ပြုဆုများစွာ ရရှိခဲ့ပါတယ်။


Image Credit: Pinterest

သူမရဲ့အနုပညာသက်တမ်းမှာ ရုပ်ရှင်ဇာတ်လမ်း ၁၀ ကားထက်မနည်း ရိုက်ကူးခဲ့ပေမဲ့ ဇာတ်လမ်းတွဲအနေနဲ့ ၃ ကားပဲ ရိုက်ကူးခဲ့ပါတယ်။

1. Cheese in the Trap


Image Credit: Pinterest

၂၀၁၆ ခုနှစ်၊ နှစ်စမှာ သူမအတွက်ပထမဆုံးဇာတ်လမ်းတွဲအဖြစ် မင်းသား Park Hae-jin နဲ့ တွဲဖက်ပြီး တက္ကသိုလ်ကျောင်းသား၊ အချစ်-ဒရမ်ဇာတ်လမ်းတွဲ “Cheese in the Trap” ကို ရိုက်ကူးခဲ့ပါတယ်။ အတော် အသင့်အောင်မြင်မှုရရှိခဲ့တဲ့ အဲဒီဇာတ်လမ်းမှာ Go-eum ဟာ တီဗီဇာတ်လမ်းတွဲအတွက် အကောင်းဆုံး မင်းသမီးသစ်အဖြစ် Baeksang Art Award ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

2. Goblin


Image Credit: Pinterest

သူမရဲ့ဒုတိယမြောက် ဇာတ်လမ်းတွဲဖြစ်တဲ့ Goblin လို့ လူသိများတဲ့ Guardian: The Lonely and Great God ကတော့ ခေတ်အဆက်ဆက် rating အကောင်းဆုံး တောင်ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ခဲ့ပါတယ်။

GOBLIN Ep 2 – Romantic Memories GIF | Gfycat

Goblin - Kim Go Eun Philippines

Image Credit: Kim Go Eun Philippines fan page

၂၀၁၆ ခုနှစ်အကုန်မှာ ပြသခဲ့တဲ့ အဲဒီဇာတ်လမ်းမှာတော့ တောင်ကိုရီးယားမင်းသားချော Gong Yoo, Lee Dong Wook တို့နဲ့အတူ တွဲဖက် သရုပ်ဆောင်ခဲ့တာပါ။ အဲဒီဇာတ်လမ်းတွဲဟာ သူမကိုအရင်ထက် ပိုမို အောင်မြင်မှု ရရှိစေခဲ့ပြီး Goblin မင်းသမီးအဖြစ်လည်း လူသိပိုများ လာခဲ့ပါတယ်။

3. The King: Eternal Monarch


Image Credit: Pinterest

၂၀၂၀ ပြည့်နှစ်ရဲ့ နာမည်ကျော်ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ The King: Eternal Monarch မှာတော့ Go-eum ဟာ တောင်ကိုရီးယားရဲ့ထိပ်တန်း မင်းသားတစ်လက်ဖြစ်တဲ့ လီမင်ဟိုနဲ့အတူ ခေါင်းဆောင်ပါဝင်ထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားနေတဲ့ အဲဒီဇာတ်လမ်းဟာလည်း user rating 9/10 နဲ့ Netflix ရဲ့ ခေတ်အဆက်ဆက်ကြည့်ရှုနှုန်းအများဆုံး စိတ်ကူးယဉ်-သိပ္ပံကိုရီးယားဇာတ်လမ်းတွဲ တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ခဲ့ပါတယ်။


Image Credit: Pinterest

Kim Go-eum နောက်ဆုံးထွက်ရှိထားတဲ့ ရုပ်ရှင်တွေကတော့ ၂၀၁၉ ခုနှစ်ရဲ့ Tune in for Love ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်ရဲ့ Hero ရုပ်ရှင်မှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူမဟာ သရုပ်ဆောင်ကောင်းသလို အဆို လည်း ကောင်းသူပါ။


Image Credit: Pinterest

သဘာဝမင်းသမီးလေးအဖြစ် လူသိများတဲ့ Kim Go-eum ဟာ အနုပညာသက်တမ်းဟာ သိပ်မကြာလှသေး ပေမဲ့ အဲဒီအချိန်အတွင်းမှာကိုပဲ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိခဲ့ပြီး အသိအမှတ်ပြုဆုပေါင်းများစွာကို ရရှိပိုင်ဆိုင်ခဲ့တဲ့ အရည်အချင်းပြည့်ဝတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။

Katie Scarlett
We Media

Source: Wikipedia

   

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။