တနင်္လာနေ့ နံနက်ကို အကောင်းဆုံးဘယ်လိုရင်ဆိုင်မလဲ

အလုပ်လုပ်နေသူတွေကြားထဲမှာ တနင်္လာနေ့ဆိုတာနဲ့ အားလုံးဟာငြီးငွေ့သွားကြတတ်ပါတယ်။
 TGIF လို့ပျော်ရွင်စွာ အော်နိုင်ပေမယ့် တနင်္လာနေ့ကိုလည်း စိတ်မပျက်သွားအောင် ဒီအချက်လေးတွေ ဖတ်ကြည့်လိုက်ပါ။

နံနက်စာကို အကောင်းဆုံးစားသွားပါ။ ပုံမှန်နေ့တွေမှာ ကော်ဖီတစ်ခွက်နဲ့တင်းတိမ်နေပေမယ့် ပျင်းရိနေတဲ့  တနင်္လာနံနက်မှာတော့ ပိုကောင်းတဲ့ နံနက်စာနဲ့ အားဖြည့်ဖို့လိုပါတယ်။ 

သောကြာနေ့အလုပ်များကို ပြီးပြီးရော မချန်ထားပါနှင့်။
ထိုသို့ပြုလုပ်တဲ့အတွက်  တနင်္လာနေ့ကပိုပြီးဝန်ပိစေပါတယ်။ စိတ်လက်ပေါ့ပါးနေမှ အလုပ်အပေါ်မှာပို၍ တက်ကြွနေစေမှာဖြစ်ပါတယ်။

 

Check List နှင့် အလုပ်လုပ်ပါ။ လုပ်စရာအလုပ်ကိစ္စတွေကို ခေါင်းထဲမှာပဲထားပြီး အလုပ်လုပ်ခြင်းက အရေးပါတာတွေလက်လွတ်သွားတက်ပါတယ်။ စာအုပ်ပေါ်မှာ တစ်နေ့တာလုပ်ရမည့်အလုပ်တွေကို သတ်မှတ်ပြီးလုပ်ခြင်းက ပို၍အချိန်ကုန်သက်သာပြီး မြန်ဆန်မှန်ကန်စေပါတယ်။

 

နားချိန်မှာ Facebook, Youtube အသုံးပြုခြင်း (သို့) မိတ်ဆွေများဖြင့် စကားပြောခြင်း (အလုပ်အကြောင်းမဟုတ်) သူငယ်ချင်းဆီ ဖုန်းဆက်ခြင်းများကလည်း များစွာအထောက်အကူပြုစေပါတယ်။ 

 

အလုပ်လုပ်နေစဉ်အတွင်း ရေ၊ ကော်ဖီ(သို့)ဖျော်ရည်သောက်ပါ။ တစ်ခါတစ်ရံအလုပ်ကြောင့် စိတ်သောကများခြင်း၊ပင်ပန်းခြင်းများကို အချိန်တိုအတွင်းပျောက်ဖို့ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ဦးနှောက်ပြန်လည် လန်းဆန်းစေဖို့အတွက်များစွာအထောက်အကူပြုပါတယ်။

 

မိသားစုကိစ္စ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ခွဲခြားထားပါ။ စနေ၊ တနင်္ဂနွေမှာဖြစ်ထားတဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကလည်း ရုံးတက်ရမယ့်နေ့အတွက် အတိုက်အခံတစ်ခုပါ။

 

အလုပ်သွားရမှာကို စိတ်မပါတာတွေ၊ အလုပ်မှာ ပျော်ရွင်မှုမရှိတော့တာမျိုးဆိုရင်တော့ သင့်မှာအဆင်မပြေတဲ့ ပတ်ဝန်းကျင် (သို့) အလုပ်တာဝန်တွေရှိနေလို့ပါ။ ဒါကိုအရင်ဆုံးဖြေရှင်းသင့်ပါတယ်။ အလုပ်တာဝန်တွေ မနိုင်နင်းတာ ပတ်ဝန်းကျင်လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေတာတွေကို အထက်လူကြီးထံ အကြောင်းကြားသင့်ပါတယ်။