သူနာပြုဝတ်စုံနဲ့ ဆိုင်ထဲဝင်မိတာကြောင့် အော်ထုတ်ခံလိုက်ရတဲ့ ယူကေက သူနာပြုဆရာမ

ယူကေ၊ Staffordshire က သူနာပြုဆရာမတစ်ယောက်ဖြစ်တဲ့ Kimberley Simpson ဟာ B&M စတိုးဆိုင် တစ်ဆိုင်ကို ဝင်ရောက်ချိန်မှာ ရောဂါပိုးသယ်ဆောင်သူတစ်ယောက်လို စွပ်စွဲခံရတာကြောင့် မျက်ရည်စက်လက် နဲ့ ဆိုင်ထဲကနေ ပြန်ထွက်လာခဲ့ရပါတယ်။ အကြောင်းကတော့ သူမဟာ ဆိုင်ထဲကို သူနာပြုဝတ်စုံဝတ်ဆင်ပြီး ဝင်ရောက်မိခဲ့တာကြောင့် ဖြစ်ပါတယ်။


Image Credit: Metro UK

Kimberley တစ်ယောက် ဆိုင်ထဲကို ဝင်ရောက်လာချိန်မှာ စတိုးဆိုင်ထဲက ဝယ်သူအမျိုးသမီးတစ်ယောက်ဟာ သူမနောက်ကိုလိုက်လာပြီး ဆိုင်ထဲမဝင်လာသင့်ဘူးလို့ အော်ဟစ်ပြောဆိုခဲ့ပါတယ်။ Kimberley က အဲဒီ အမျိုးသမီးနဲ့ အပြန်အလှန်အငြင်းပွားနေကြတဲ့ အဖြစ်အပျက်ကို ဗီဒီယိုရိုက်ကူးမှတ်တမ်းတင်ခဲ့ပြီး အင်တာနက် ပေါ်တင်ခဲ့တာလည်း ဖြစ်ပါတယ်။


Image Credit: Metro UK

ဗီဒီယိုထဲမှာ ပါတဲ့အတိုင်းဆိုရင် တစ်ဖက်အမျိုးသမီးရဲ့ စွပ်စွဲပြောဆိုမှု၊ ဒေါသတကြီးအော်ဟစ်မှုတွေကို Kimberley က “ရှင် အရမ်းရိုင်းတာပဲ။ ရှင်ကျွန်မကို အခုလို ကြမ်းကြမ်းတမ်းတမ်းတော့ မပြောသင့်ပါဘူး” လို့ ပြန်လည် ခွန်းတုံ့ပြန်ပြောကြားခဲ့ပါသေးတယ်။

အမှန်တော့ Kimerley ကို အခုလိုဒေါသတကြီး အော်ဟစ်ပြောဆိုခဲ့တဲ့ အမျိုးသမီးဟာ Marina Kendrick လို့ နာမည်ရတဲ့ အသက် ၅၃ နှစ်အရွယ် သူနာပြုဟောင်းတစ်ဦး ဖြစ်ပါတယ်။ သူမက Kimberley အနေနဲ့ အခုလို အများပြည်သူပိုင်နေရာတွေမှာ သူမရဲ့ယူနီဖောင်းကို မဝတ်ဆင်သင့် ကြောင်း ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။


Image Credit: Metro UK

NHS England ရဲ့အဆိုအရတော့ အလုပ်ပြင်ပမှာ ယူနီဖောင်းဝတ်ဆင်ခြင်းက ကူးစက်မှုဖြစ်စေနိုင်တယ်ဆိုတဲ့ သက်သေမရှိသေးဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ လမ်းညွှန်းချက်တွေမှာတော့ ကျန်းမာရေးနဲ့ လူမှုဝန်ထမ်းတွေ အနေနဲ့ ဆေးရုံ၊ ဆေးခန်းပြင်ပမှာ ယူနီဖောင်းမဝတ်ဖို့ လမ်းညွှန်ပြောကြား ထားပါတယ။ အကြောင်းက ကူးစက် နိုင်တဲ့ သက်သေမရှိသေးပေမဲ့လည်း အများရဲ့အမြင်က ရှိနေသေးတာကြောင့် ဖြစ်ပါတယ်။

Katie Scarlett
We Media

Source: Metro UK

Original Link: https://metro.co.uk/2020/05/27/woman-who-left-carer-tears-bm-icu-nurse-12762748/amp/?fbclid=IwAR2h85Mzz7qE1VMU7nZOyqoNmhe1WDbHkcYhVAysRkbWmB2eZ51gmD4BdJo

ဆက်စပ်ရှာဖွေမှုများ - Daily Mail

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။