ပရိသတ်တွေရဲ့ အားပေးမှုလျော့နည်းသွားတဲ့ အသောကဇာတ်လမ်း

ပရိသတ်တွေအရမ်းကြိုက်တဲ့ အသောက ဇာတ်ကားလေးဟာ အခုဆိုရင် ပရိသတ်တွေရဲ့ အားပေးမှုကို အရင်ကလောက် မရရှိတော့ပါဘူး။ တစ်ချိန်တုန်းက ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိထားတဲ့ အသောက ဇာတ်ကားဟာ  ဇာတ်လမ်းဇာတ်အိမ်ကလည်း စိတ်ဝင်စားမှုကောင်းသလို၊ အဓိက ဇာတ်ဆောင် ဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ် အသောကမင်းသားလေးကတော့ မိန်းကလေးတွေကို ဒီဇာတ်ကားထဲမှာ တော်တော် ဆွဲဆောင်ထားပါတယ်။

အသောကမင်းသားလေးကြောင့် အသောက ဇာတ်လမ်းလေးကို မကြည့်ပဲမနေနိုင်ပါဘူး။ ဒါပေမယ့် အခုဆိုရင် အသောက ဇာတ်ကားလေးက အရင်ကလို အားပေးမှု မရရှိတော့ပါဘူး။ အဓိက ကတော့ မင်းသားပြောင်းလိုက်တဲ့ ကိစ္စကြောင့်ပါ။

အခုမင်းသားကတော့ အသောက ကြီးသွားတဲ့ နေရာမှာ သရုပ်ဆောင်ထားရတာပါ။ ဒါပေမယ့် ဒီမင်းသားအသစ်ကိုတော့ ဘယ်သူမှ သိပ်ပြီးမကြိုက်ကြသလို အသောကဇာတ်ကားကို အမြဲအားပေးနေတဲ့ ပရိသတ်တွေ ကလည်း အသောကဇာတ်လမ်းဟာ အရင်ကလို ကြည့်လို့မကောင်းတော့ဘူး လို့ဝေဖန်ကြတဲ့ သူတွေလည်းရှိပါတယ်။

အသောကမင်းသားကြီးရဲ့ နာမည်ကတော့ Mohit Raina ပါ။ သူ့ကိုတော့ August 14,1982 မှာမွေးဖွားခဲ့တာပါ။ အခုဆိုရင် သူ့အသက်ကတော့ 35 နှစ်ရှိနေပါပြီ။ Jammu ဆိုတဲ့မြို့မှာ ကြီးပြင်းခဲ့ပြီး Commerce နဲ့ပတ်သက်တဲ့ ဘွဲ့ကိုရရှိခဲ့ပါတယ်။ မွန်ဘိုင်းမြို့ကိုတော့ Modeling အနေနဲ့ အသက်မွေး မွန်ဘိုင်းမြို့ကို ပြောင်းရွှေ့လာတယ်လို့လည်းသိရပါတယ်။ 

မော်ဒယ်အဖြစ်ကနေ သရု်ဆောင် လုပ်ဖို့အတွက် ယခင် ၁၃၆ ပေါင်မှနေပြီး ၆၄ ပေါင် အထိလျှော့ချခဲ့ပါတယ်။ ဒါကြောင့်မို့လို့လည်း ၂၀၀၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ Mister India Modelling ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Top 5 ပြိုင်ပွဲဝင် ၅ ဦး ထဲမှ တစ်ယောက်အပါအဝင် ဖြစ်ခဲ့ပါတယ်။
Mohit Raina ဟာ TV စီးရီးတွေဖြစ်တဲ့ Devon Ke Dev- Mhadev နဲ့ Mahabharat (2013 TV စီးရီးတွေမှာ သရုပ်ဆောင်တာကို တွေ့ရသလို ( Chehar 2009 ), Ganga Kii Dheej (2010), Don Muthu Swami (2008) ဇာတ်လမ်းတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။


အမှန်ကတော့ ဇာတ်လမ်းတွေကတော့ အရင်ကအတိုင်းကြည့်လို့ကောင်းပါတယ်။
အဓိက အကြောင်းအရင်းကတော့ မင်းသားလေးပြောင်းသွားလို့ပါ။ ဒီတော့ ပရိသတ်တွေလည်း အသောက မင်းသားလေး ပြောင်းသွားတာကို ဗွေမယူပဲ အရင်ကအတိုင်းဆက်ပြီး အားပေးကြတာပေါ့နော်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။