GYM မှာမလုပ်သင့်တဲ့အရာ(၅) ချက်

     သင်က GYM အမြဲသွားနေတဲ့သူတစ်ယောက်ဆိုရင် GYM မှာမပြုလုပ်သင့်တဲ့အရာတွေကို သိထားသင့်ပါတယ်… ။
သင်သိထားသလိုမျိုးပဲ သင့်လိုပဲ GYM သွားနေတဲ့သူတွေကိုလဲသိအောင် လက်ဆင့်ကမ်းပေးသင့်ပါတယ်…။

- GYM စက်ပစ္စည်းတွေပေါ်မှာ ချွေးမစိုစေခဲ့ပါစေနဲ့…
     GYM မှာလေ့ကျင့်ခန်းလုပ်ရင်တော့ ချွေးထွက်မှာပါပဲ…။ ဒီလိုအခါမှာ သင့်ချွေးတွေကိုသုတ်ဖို့ မျက်နှာသုတ်ပဝါတစ်ထည်လောက်တော့ ယူသွားသင့်ပါတယ်… ။ သင့်ချွေးတွေက သင်လေ့ကျင့်တဲ့စက်ပစ္စည်းပေါ်မှာ ပေနေခဲ့ရင်လည်း ပြန်သုတ်ပေးဖို့လိုပါတယ်…။ 

- တစ်ယောက်ထဲအပိုင်မစီးထားပါနဲ့…
     တစ်ချို့တွေကရှိပါတယ်… ပစ္စည်းတွေကိုသူတစ်ယောက်ထဲ အသုံးပြုနေပြီး နောက်လူအတွက် မကြည့်ပေးပါဘူး…။
မကစားနေပဲ လေ့ကျင့်ခန်းစက်ပေါ်မှာထိုင်ပြီး ဖုန်းပြောနေတာ၊ စာတိုပို့နေတာ၊ Selfie ရိုက်နေတာ စတာတွေလုပ်နေတဲ့အတွက်ကြောင့် တခြားသူအတွက် အနှောက်အယှက်ဖြစ်စေပါတယ်…။

- ဖုန်းအကြာကြီးပြောတာ…
     အရမ်းကို စိတ်အနှောက်အယှက်ဖြစ်ဖို့ကောင်းပါတယ်… ။
GYM ကိုလာပြီးဖုန်းပြောတဲ့အခါမှာ အသံကျယ်ကြီးနဲ့ ဖုန်းအကြာကြီးပြောတာက ဘေးလူတွေကိုပါအနှောက်အယှက်ဖြစ်စေပါတယ်။

- ပစ္စည်းတွေကို နေရာတကျပြန်မထားတာ…
     ငယ်ငယ်ကလည်းသင်ခဲ့ဖူးပါတယ်… ကိုယ်ဆော့ပြီးတဲ့ပစ္စည်းတွေကို နေရာမှာပြန့်ကျဲနေအောင် မထားခဲ့သင့်ဘူးဆိုတာသင်ခဲ့ဖူးပါတယ်…။
ဒီလိုပဲ GYM မှာ အလေးတုံးတွေကို မ,ပြီး နေရာတကျပြန်မထားပဲ၊ ကိုင်တဲ့နေရာတင်ပြန်ချထားတာမျိုးတွေ မြင်တွေ့ဖူးပါတယ်…။
ဒီလိုမျိုးမလုပ်သင့်ပါဘူး…။

- တခြားကစားသူကို ဖိအားပေးတာမျိုး…
     GYM မှာပစ္စည်းတစ်မျိုးကို မိနစ်၆ဝဆော့တယ်ဆိုတာမျိုးက ရိုင်းတယ်လို့ပြောလို့ရပါတယ်…။
ဒါပေမယ့်လည်း သင်ကစားတော့မယ့်ပစ္စည်းတစ်ခုကို တစ်ခြားသူက ကစားနေတုန်းပဲဆိုရင် သူ့ရှေ့မှာခါးထောက်ပြီး မြန်မြန်လုပ်ပါဆိုတဲ့အကြည့်မျိုးက ရိုင်းတယ်လို့ထင်ရစေပါတယ်… ဒီလိုမျိုးမလုပ်သင့်ပါဘူး…။