
အပြင်းအထန်ကြိုးစားစရာမလိုဘဲ ဝိတ်ကျစေမယ့် နည်းလမ်း ၃ သွယ်
ခန္ဓာကိုယ်ကိုဝိတ်ချချင်သူတွေအတွက် ဝိတ်ကျအောင်လုပ်ဖို့ဆိုတာ လွယ်တော့မလွယ်လှပါဘူး။ လေ့ကျင့်ခန်း တွေ ပြင်းပြင်းထန်ထန်လုပ်ရသလို အစားအသောက်စားရာမှာလည်း ကန့်သတ်ချက်တွေအများကြီးကို လိုက်နာ ကြရပါတယ်။ ဒါပေမဲ့ သိပ္ပံပညာရှင်တွေရဲ့အဆိုအရ အရမ်း အပြင်းအထန်ကြိုးပမ်းစရာမလိုဘဲ အန္တရာယ် ကင်းကင်းနဲ့ ဝိတ်ကျစေမယ့် နည်းလမ်း ၃ ခုကို ဝေမျှပေးချင်ပါတယ်။
၁။ သင်ရဲ့ပန်းကန်ပြားအရွယ်အစားကို ပြောင်းလဲလိုက်ပါ
Image Credit: Brightside
Gastrophysics ရဲ့အဆိုအရ ခန္ဓာကိုယ်အလေးချိန်ဟာ နေ့စဉ်စားသုံးမှု အလေ့အကျင့်အပေါ် မူတည်နေပါ တယ်။ သင်အစားအသောက်စားရာမှာ အသုံးပြုမယ့် ပန်းကန်ရဲ့အရွယ်အစား၊ ပုံစံနဲ့ အရောင်အသွေးက သင့်ရဲ့ အစားအသောက်စားချင်စိတ် ကို ပြောင်းလဲစေပါတယ်။
အဲဒါကြောင့် အစားအသောက်စားသုံးတဲ့အခါ အရွယ်အစားကြီးတဲ့ ပန်းကန်တွေကိုအသုံးမပြုဘဲ ခပ်သေးသေးကိုပဲ သုံးပါ။ ပန်းကန်ပြားကြီး တဲ့အခါ သင့်စားသုံးတဲ့အစာပမာဏက နည်းသယောင်ထင်ရပြီး ပိုစားမိစေနိုင် ပါတယ်။ ပန်းကန်ပြားသေးရင်တော့ စားသုံးဖို့ထည့်ထားတဲ့ ပမာဏက များသယောင်ဖြစ်နေတာကြောင့် သင့် အတွက် လုံလောက်ပြီဆိုတဲ့ အထင်ကို ရောက်စေပါတယ်။
Image Credit: Brightside
တကယ်လို့ သင့်အနေနဲ့ ၁၂ လက်မအရွယ်ပန်းကန်ကနေ ၁၀ လက်မအရွယ်ပန်းကန်နဲ့ ပြောင်းစားမယ်ဆိုရင် သင့်ရဲ့ ကယ်လိုရီကို ၂၂ ရာခိုင်နှုန်း လောက် လျော့ကျသွားစေနိုင်ပါတယ်။
၂။ သင့်ရဲ့ ပန်းကန်ပြားအရောင်ကို သတိထားပါ
Image Credit: Brightside
သင့်ခန္ဓာကိုယ်ကို ဝိတ်ကျစေဖို့အထောက်အကူပြုအောင် သင့်စိတ်ကို ပြောင်းလဲရာမှာ စားသောက်တဲ့အခါ သင်အသုံးပြုတဲ့ ပန်းကန်ပြား အရွယ်အစားထက် ပန်းကန်အရောင်က ပိုအရေးကြီးပါတယ်။ အထူးသဖြင့် အစားအသောက်အရောင်နဲ့ ပန်းကန်ရောင် ရောမနေစေဖို့ သတိထားရမှာပါ။ အဲဒီလိုရောနေတဲ့အခါ အစားအသောက်ပမာဏ များလို့များနေမှန်းမသိတော့ဘဲ အလွန်အကျွံစားသုံးမိတတ်ပါတယ်။
Image Credit: Brightside
ဥပမာ ထမင်းအဖြူဆိုရင် ပန်းကန်အဖြူထက် ပန်းကန်အရောင်တောက်တောက်ကို အသုံးပြုပေးသင့်ပါတယ်။ ဒံပေါက်လို အရောင်တောက်တဲ့ စားစရာမျိုးဆိုရင်တော့ ပန်းကန်အဖြူနဲ့စားတာ ပိုသင့်တော်ပါတယ်။
၃။ မစားခင် ရေအရင်သောက်ပါ
Image Credit: Brightside
အစားတစ်နပ်စာမစားခင်မှာ အနည်းဆုံး ရေဖန်ခွက်တစ်ခွက်လောက် အရင်သောက်သုံးပေးပါ။ ရေသောက်ခြင်းက သင့်အစာအိမ်ကို ပြည့်သွားစေပြီး သင့်ကိုအစားသိပ်မစားစေတော့ပါဘူး။ ရေ ဝ.၅ လီတာ သောက်သုံးခြင်းက သင့်ကို ကယ်လိုရီ ၃၀ ရာခိုင်နှုန်းလောက် ပိုကျသွားစေနိုင်ပါတယ်။
Katie Scarlett
We Media
Source: Brightside
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။