မျက်နှာကို ရေခဲကပ်ခြင်းကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူး ( ၁၅ ) ချက်

အခုခေတ်မှာတော့ မိန်းကလေးတွေသာမက ယောကျ်ားလေးတွေပါ အလှအပ၊ကျန်းမာရေးကို ပိုမိုဂရုစိုက်လာကြပါတယ်။နည်းပညာတွေနဲ့ လှပအောင်ပြုလုပ်လာကြသလို သဘာဝနည်းပညာတွေနဲ့ အသားအရေကိုထိန်းသိမ်းလို့ရပါတယ်။ သဘာဝအသားအရေထိန်းသိမ်းနည်းထဲက ရေခဲကပ်ခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူး ( ၁၅ ) ချက် ကို ဖော်ပြချင်ပါတယ်။

( ၁ ) မျက်နှာကို ဝင်းပစေခြင်း


Photo Credit - Stylecraze.com

 လူတိုင်းလူတိုင်း ဝင်းပပြီးစိုပြေတဲ့ မျက်နှာအသားအရေကိုလိုချင်ကြပါတယ်။ ရေခဲနဲ့ မိမိရဲ့မျက်နှာကို နူးနူညံ့ညံ့နှိပ်နယ်ခြင်းက ဝင်းပတဲ့ အသားအရေကို ရရှိစေပါတယ်။ မျက်နှာပေါ်က သွေးကြောတွေကို လည်ပါတ်မှုကောင်းစေပြီး မျက်နှာကို ကြည်လင်စေပါတယ်။မျက်နှာကို ရေခဲနဲ့ နှိပ်နယ်ခြင်းက သွေးစီးဆင်းမှုမှာ အနှောင့်အယှက်ဖြစ်စေတဲ့ သွေးကြောတွေကို ပွင့်ပြီးတော့ သွေးလည်ပါတ်မှုကို ညီမျှစေပါတယ်။

( ၂ ) မိတ်ကပ်အကျွင်းအကျန်တွေကို ဖယ်ရှားပေးခြင်း


Photo Credit - Stylecraze.com

အမျိုးသမီးအများစုက မိတ်ကပ်လိမ်းလေ့ရှိကြပါတယ်။ အဆိုပါမိတ်ကပ်တွေကို မျက်နှာကနေ ပြောင်စင်အောင် ရေခဲက ပြုလုပ်နိုင်စွမ်းရှိပါတယ်။ တကယ်လို့ ကိုယ့်ရဲ့မျက်နှာပေါ်ကို နိုက်ခရမ်တစ်မျိုးမျိုး၊ ဒါမှမဟုတ် အခြား အရာတစ်ခုခုလိမ်းပြီးရင် ရေခဲလေးနဲ့ မျက်နှာတစ်ဝိုက်ကို နှိပ်နယ်ပေးပါ။ ဒီနည်းလမ်းက skin care တွေကိုမျက်နှာထဲကို ပိုမိုစိမ့်ဝင်စေပြီး အကျိုးအာနိသင်ပိုမို ကောင်းမွန်စေပါတယ်။

( ၃ ) အမဲစက်တွေကို ပျောက်ကင်းစေခြင်း



Photo Credit - Stylecraze.com

မျက်နှာကို ရေခဲနဲ့ အမြဲလိုလိုပေါင်းတင်ခြင်းက မျက်နှာမှာရှိတဲ့အမဲစက်တွေကို လျော့နည်းစေသလို ပန်ဒါမျက်လုံးလေးတွေကိုလည်း သက်သာစေပါတယ်။ သခွားသီးအနည်းငယ်နဲ့နှင်းဆီပန်းပွင့်တွေကို ရေထဲမှာ ရောထားပြီးတော့ ခဲထားပါ။ ပြီးတော့ အဆိုပါ ရေခဲနဲ့ မျက်ဝန်းတစ်ဝိုက်ကို ပွတ်သပ်ပေးမယ်ဆိုရင် မျက်ဝန်းတစ်ဝိုက်က အရေးအကြောင်းတွေနဲ့ ပန်ဒါမျက်ဝန်းတွေကို သက်သာပျောက်ကင်းစေပါတယ်။

( ၄ ) မျက်နှာပေါ်က ဝက်ခြံတွေကို သက်သာစေခြင်း



Photo Credit - Stylecraze.com

တကယ်လို့သာ မျက်နှာပေါ်မှာ ယောင်နေတဲ့ဝက်ခြံတွေရှိနေမယ်ဆိုရင် ရေခဲလေးအုံထားတာက ဝက်ခြံယောင်တာကို သက်သာစေပါတယ်။ရေခဲမှာ ယောင်နေတာတွေကိုသက်သာစေတဲ့ အစွမ်းရှိပါတယ်။ မျက်နှာပေါ်ကို ရေခဲကပ်မယ်ဆိုရင် ဝက်ခြံတွေကို သက်သာစေသလို အဆီပြန်တဲ့မျက်နှာတွေကိုလည်း သက်သာစေပါတယ်။ ဝက်ခြံအမာရွတ်တွေကို ကုသရာမှာလည်း အသုံးဝင်ပါတယ်။

( ၅ ) ချွေးပေါက်တွေကို ကျဉ်းစေခြင်း


Photo Credit - Stylecraze.com

မျက်နှာမှာ အဆီပေါက်တွေကျယ်နေတာတွေကိုလည်း ရေခဲက သက်သာစေပါတယ်။ ဒါ့အပြင် ချွဲပေါက်ထဲမှာရှိနေတဲ့ အညစ်အကြေးတွေကိုလည်း သန့်ရှင်းစေပြီးချွေးပေါက်ပိတ်ခြင်းကနေလည်း ပျောက်ကင်းစေပါတယ်။ မျက်နှာသစ်ပြီး ရေခဲကပ်တာက  မျက်နှာကချွေးပေါက်တွေကို သန့်ရှင်းစေသလို ချွေးပေါက်တွေကိုလည်း ကျဉ်းစေပါတယ်။

Phone Khant

We Media

Source - Stylecraze.com


Original Link - https://www.stylecraze.com/articles/beauty-with-ice-cubes/

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။