မိုးအေးအေးနဲ့ လိုက်ဖက်လှတဲ့ ကြက်ခြေထောက်ချဉ်စပ်

မိုးအေးအေးလေးနဲ့ အလိုက်ဖက်ဆုံးလို့ပြောလိုက်ရင် ချဉ်ချဉ်စပ်စပ်ဟင်းလျာတွေကို ပြေးမြင်မိကြမှာကိုတော့ ငြင်းလို့မရနိုင်ပါဘူးနော်...။ အခုလို မိုးစပ်စပ်ရာသီလေးမှာ အလွယ်တကူလုပ်စားနိုင်မယ့် ကြက်ခြေထောက်ချဉ်စပ်လေးက We ပရိတ်သတ်တွေကို အကြိုက်တွေ့စေမှာအမှန်ပါပဲ။ ကဲ ပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်နည်းကို ကြည့်လိုက်ကြရအောင်...

Photo credit - twitter

ပါဝင်ပစ္စည်း

ကြက်ခြေထောက် - ၁၀ ချောင်း

စပါးလင် - ၁ ချောင်း

ချင်း - လက်တဆစ်

ငရုတ်သီးစိမ်း - ၆ တောင့်

အရသာမှုန့် - လက်ဖက်စားဇွန်း ၂ ဇွန်း

ငံပြာရည် - လက်ဖက်စားဇွန်း ၃ ဇွန်း

သံပုရာသီး - ၁ (သို့) နှစ်သက်သလို

နံနံပင် - ၅ ပင်

ရှောက်ရွက် - ၃ ရွက် 

Photo credit - CP Brandsite

ပြုလုပ်နည်းအဆင့်ဆင့်

- ပထမဦးဆုံး ကြက်ခြေထောက်တွေကို အခွံချွတ်သန့်စင်ပြီး ရေဆေးထားပါ။

- အိုးတစ်လုံးထဲမှာ ရေနွေးတည်ပြီး ဆူလာရင် စပါးလင်၊ ချင်း၊ ကြက်သွန်ဖြူနဲ့အတူ ကြက်ခြေထောက်တွေကို နူးသည်အထိပြုတ်ပါ။

Photo credit - freepik

- ငရုတ်သီးစိမ်းကို မကြေတကြေထောင်းထားပါ။

- ကြက်ခြေထောက်ဟင်းရည် ဆူပွက်လာတဲ့အခါ ငရုတ်သီးစိမ်း၊ အရသာမှုန့်၊ ငံပြာရည်၊ သံပုရာသီးညှစ်ထည့်ပြီး လိုသလိုအရသာစပ်ပါ။

Photo credit - cookpad.com

- ပြီးရင်တော့ နံနံပင်၊ ရှောက်ရွက်အုပ်ပြီး အရသာရှိစွာ စားသုံးနိုင်ပြီဖြစ်ပါတယ်။

(ကြက်သွန်စိမ်း၊ ခရမ်းချဉ်သီး ကြိုက်ရင်ထည့်နိုင်ပါတယ်)

Psyche (We Media)

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။